561-------570

177 24 0
                                    

အခန်း(၅၆၁) - အလောင်း ကောက်ခြင်း။

လင်းဟွမ်သည် ပြည်ထောင်စု အစိုးရရုံးထဲတွင် ဟုန်ကျန်းနှင့် စကားပြောခဲ့သည်မှာ (၃) ရက် ကြာမြင့်ခဲ့ပြီ။ လွန်ခဲ့သော ရက်ပိုင်းအတွင်း စုံစမ်းစစ်ဆေးရေးမှူးများလည်း ပြန်ထွက် သွားကြသည်။ အတန်းများလည်း ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာခဲ့သည်။

လင်းဟွမ်သည် စာကြည့်တိုက်၊ လေ့ကျင့်ရေးအခန်းနှင့် သူ့အဆောင်ကို ကူးလူး နေခဲ့သည်။ ဟုန်ကျန်းအတွက် စာနာ သနားမိသော်လည်း ဤကိစ္စတွင် ဝင်မပါဘဲ လက်ရှောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် သူမနှင့် ရင်းနှီးခြင်း လုံးဝ မရှိပေ။ တစ်ယောက်နှင့် တစ်ယောက် သိကြသည် ဆိုသော်လည်း ရင်းနှီးသည့် အတိုင်းအတာ  မဟုတ်ပေ။

လင်းဟွမ်သည် ခရမ်းရောင်ကျီးကန်း အဖွဲ့အစည်း လေ့ကျင့်ရေး စခန်းထဲမှတဆင့် ခရမ်းရောင်ကျီးကန် အဖွဲ့အစည်းက လူများသည် ရိုးသားခြင်း မရှိကြောင်း ကောင်းကောင်း သိနေခဲ့သည်။ ဟုန်ကျန်းက သူမ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အရွယ်ရောက်ပြီးသော လူတစ်ယောက် အနေနှင့် ရလဒ်က သေဆုံးခြင်း ဖြစ်လျှင်ပင် ဆုံးဖြတ်ချက်၏ အကျိုးဆက်များကို  လက်ခံတတ်အောင် သင်ယူသင့်သည်။

မနက် (၉) နာရီကျော်….

လင်းဟွမ်သည် စာကြည့်တိုက်ထဲတွင် စာဖတ်နေစဉ်  အင်ပါယာနှလုံးသား လက်စွပ်က ရုတ်တရတ် တုန်ခါလာသည်။  မက်ဆေ့ချ် တစ်ခုပင်။

“ဟုန်ကျန်းကို သေမိန့်ပေးလိုက်ပြီ သူ့ အလောင်းကို ပြည်ထောင်စုအစိုးရရုံးမှာ အမြန် လာယူပါ”

လင်းဟွမ်သည် ထိုမက်ဆေ့ချ်ကို မြင်လိုက်လျှင် အချိန် မဆိုင်းတော့ဘဲ စာကြည့်တိုက်ထဲက ရှာဖွေရေးမျက်နှာပြင်ကို ပိတ်ပြီး ထွက်ခွာသွားသည်။ ဟုန်ကျန်း၏ အလောင်းကို ပြန်ယူမည်ဟု ကတိ ပေးခဲ့သောကြောင့် အချိန်ဆွဲချင်စိတ် မရှိပေ။ စာကြည့်တိုက်ထဲမှ ထွက်လာသည်နှင့် နေရာကူးပြောင်းခြင်း ဓါတ်ကြွင်းကို ဆင့်ခေါ်ကာ ထိုအထဲ ဝင်သွားသည်။ ထို့နောက် ပြည်ထောင်စု အစိုးရရုံး  ဝင်ပေါက်တွင်  ပေါ်လာသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now