371-------380

171 23 0
                                    

အခန်း(၃၇၁) - မိစ္ဆာများ။

လေလံပွဲ ဝင်ပေါက်…..

လူသား ပုံသဏ္ဍာန်ရှိသော မွန်းစတား သုံးကောင်သည် ကောင်းကင်ပေါ်မှ ရုတ်တရတ် ဆင်းသက်လာသည်။ ထိုအထဲမှ နှစ်ကောင်မှာ အမျိုးသားဖြစ်ပြီး တစ်ကောင်မှာ အမျိုးသမီး တယောက်ပင်

အမျိုးသမီးသည် အရပ်ရှည်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ဦးခေါင်းတွင် အနီရောင် ဦးချိုနှင့် နောက်ကျောဘက်တွင် အနက်ရောင်အမြှီး ရှိနေသည့် အချက်မှလွဲ၍ လူသားနှင့်  ကွာခြားခြင်း  မရှိပေ။

အမျိုးသား တစ်ယောက်မှာ အာဏာရှင်ကဲ့သို့ ကြွက်သား တောင့်တင်းပြီး နောက်တစ်ယောက်မှာ အနည်းငယ် ပုသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့၏အရပ်သည် နှစ်မီတာထက် မြင်မားနေသေးသည်။

သူတို့နှစ်ယောက်ထဲမှ တစ်ကောင်သည် ဦးခေါင်း နောက်ဘက်တွင် အနက်ရောင် ဦးချိုး နှစ်ချောင်းရှိပြီး နီရဲသောမျက်လုံးတစ်စုံ ရှိသော်လည်း အမြီးမရှိပေ။

ကျန်သည့် မွန်းစတားတစ်ကောင်သည် နှစ်မီတာ မြင့်ပြီး သန်မာတောင့်တင်းသော မွန်းစတား တစ်ကောင်ပင်။ လက်တွင် အမာရွတ်ပုံစံ အရွတ်တစ်ခုရှိပြီး ၎င်း၏ ဦးနှောက်ကို အပြာရောင် အလွှာတစ်ခုဖြင့်  ဖုံးလွှမ်းထား၏။
သူတို့သုံးယောက်သည် အသူရာချောက်နက်ထဲမှ မိစ္ဆာများ ဖြစ်သည်မှာ ထင်ရှား၍ သူတို့၏ တိုက်ပွဲအဆင့်သည် နဂါးမျိုးစပ်နှင့် အဆင့်တူသည်။

မွန်းစတားသုံးကောင် ပေါ်လာသည်နှင့် ခန်းမ အပြင်ဘက်တွင် တာဝန်ကျနေသော အစောင့်များ အထိတ်တလန့် ဖြစ်သွားကြသည်။

သူတို့ထဲမှ နှစ်ယောက်သည် လေလံတာဝန်ခံကို လှမ်းအကြောင်းကြားရန် လုပ်လိုက်စဉ်  အမျိုးသမီးမိစ္ဆာမ၏ မျက်လုံးသည် ရုတ်တရက် အမဲရောင် ပြောင်းသွားသည်။ ခန်းမအပြင်ဘက်တွင် ရှိနေသော လုံခြုံရေး (၂၀) ကျော်ကို   မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိ ထွက်ပေါ်လာသော အနက်ရောင် အခိုးအငွေ့များက ချက်ချင်း ဖုံးလွှမ်းသွားသည်။

ထိုအနက်ရောင် အခိုးအငွေ့များသည် လုံခြုံရေး အစောင့်များ၏ နှာခေါင်း၊ လည်ချောင်းများမှ  တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ခဏကြာသောအခါ ထိုလူများ၏ မျက်နှာသည် မဲမှောင်လာကာ သုံးစက္ကန့်ခန့် ကြာသောအခါ ထိုလူများ လဲကျသွားသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now