31---40

254 25 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း (၃၁) – မိစ္ဆာဖြူလေး။

လင်းဟွမ်သည် အာဏာရှင်၏ ပခုံးပေါ်တွင် ပြန်ထိုင်လိုက်သည်။ ဖက်တီး ပျောက်ဆုံးနေကြောင်း သတိထားလိုက်မိသည်။

“ဒီဖက်တီး ဘာလုပ်နေတာလဲ။ ငါ့ကို လိုက်ရှာ နေတယ်လို့ မပြောနဲ့နော်..”

မြေပြင်ပေါ်ရှိ ခြေရာများကို သဲများဖုံးသွားသည်။ ပျောက်ကွယ်နေသော ဖက်တီးကို ခြေရာခံရန် မဖြစ်နိုင်ပေ။ လင်းဟွမ်သည် မသေနိုင်သော တီကောင် ထွက်သွားသောဘက်သို့ လှမ်းကြည့် လိုက်သည်။

လင်းဟွမ်သည် သဲသောင်ပြင်သို့ ရောက်သောအခါ အာဏာရှင်ကို ပြန် ဆင့်ခေါ်လိုက်သည်။ ထို့နောက် အာဏာရှင်၏ ပခုံးပေါ်ကို တက်လိုက်သည်။ သဲမိစ္ဆာ၏ ပခုံးပေါ်သို့ ရောက်သောအခါ မသေနိုင်သော တီကောင် သွားသည့်ဘက်သို့ လိုက်ရှာခဲ့သည်။ သို့သော်လည်း ဖက်တီးကို မမြင်ရတော့ပေ။

“မသေနိုင်တဲ့ တီကောင်လည်း ပျောက်သွားပြီ..”

လင်းဟွမ် မျက်မှောင် ကြုတ်နေသည်။ ဘာဖြစ်သွားလဲ  ဆိုသည်ကို သူလည်း မသိတော့ပေ။

“ဖက်တီးက ဒီနေရာကို ၁၅ မိနစ်အတွင်း ရောက်ဖို့ မဖြစ်နိုင်ဘူး။ တခြားနေရာ ထွက်သွားတာလား..”

လင်းဟွမ်သည် အာဏာရှင်ကို ထပ်မံဆင့်ခေါ်ကာ လှည့်ပတ်၍ လိုက်ရှာသည်။ သို့သော် ဖက်တီးကို ရှာမတွေ့သေးသဖြင့် နောက်ဆုံးတွင် လက်လျှော့ လိုက်ရသည်။

အာဏာရှင်နှင့် လင်းဟွမ်တို့သည် မြောက်ဘက်သို့ ဦးတည်ပြီး ပြေးနေကြသည်။ ဖက်တီးကို မည်သည့်နေရာမှာမျှ ရှာမတွေ့ခဲ့သဖြင့် သေဆုံးသွားခြင်းသာ ဖြစ်ရမည်။ ထို့ကြောင့် လင်းဟွမ်သည် စိတ်လေးနေသည်။

နောက်ပိုင်း  နာရီများ၌  မြောက်ဘက်သို့ သွားသော ခရီးစဉ်အတွင်းတွင် မွန်းစ
တားအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် အာဏာရှင်သည် သူတို့အားလုံးကို အနိုင်ယူခဲ့သည်။ ထို့နောက် နေမဝင်ခင် နှင်းတောင်တန်းများ၏ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

လင်းဟွမ်သည် တဲကို ဆောက်ပြီးနောက် သဲပြင်ပေါ်တွင် တိတ်တိတ်လေး ထိုင်နေသည်။ ကျောက်တုံးကြီး တစ်တုံးကို မှီချလိုက်ပြီး သိုလှောင်ရာ နေရာလွတ်ထဲမှ အသားခြောက် အချို့ကိုစားရန် ထုတ်ယူလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now