121---130

226 27 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံအခန်း(၁၂၁) - ကံကြမ္မာမျိုးစိတ် မွန်းစတား။

“ကံကြမ္မာ  စွမ်းရည်ကတ်”

“ကံကြမ္မာစွမ်းရည် နာမည် - စစ်တပ် တိုက်ခိုက်ရေး နည်းစနစ်”

“ရှားပါးမှုအဆင့် - ရှားပါး”

“ကျွမ်းကျင်မှု အဆင့် - အဆင့် (၈)”

“အကျိုးသက်ရောက်မှု ကံကြမ္မာစွမ်းအား လည်ပတ်မှုရဲ့ အမြန်နှုန်း (၈၀)
ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပြီး တိုက်ခိုက်မှုအစွမ်းနဲ့ ကာကွယ်ရေး အစွမ်းကို (၉၆) ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးတယ်”

“မှတ်ချက် အဆင့်တစ်ခု မြှင့်တင်တိုင်းမှာ ကံကြမ္မာစွမ်းရည်ရဲ့ သက်ရောက်မှု တစ်ခုစီတိုင်းက (၁၂) ရာခိုင်နှုန်းစီ တိုးလာမယ်”

“ကတ်မှတ်ချက် - အသုံးပြုနိုင်”

လင်းဟွမ်သည် ကံကြမ္မာ စွမ်းရည်၏ ဖော်ပြချက်ကို ကြည့်ပြီးနောက် အံ့အား
သင့်သွားသည်။ ဉာဏ်အလင်းပွင့် ကတ်၏ အကျိုးသက်ရောက်မှုက ဤမျှ
ကျယ်ပြန့်လိမ့်မည်ဟု မမျှော်လင့်  ထားခဲ့ပေ။ သူသည် စစ်တပ် တိုက်ခိုက်ရေး နည်းစနစ်ကို အဆင့် (၈) ထိရောက်အောင် မြှင့်တင်နိုင်ခဲ့သည်။ သူ၏ ကံကြမ္မာ
စွမ်းရည် အကျိုးသက်ရောက်မှု အားလုံး (၉၆) ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဒါသည် အဆင့်မြင့် ကံကြမ္မာစွမ်းရည်အတွက်ပင်လျှင် အထွဋ်အထိပ် ဖြစ်သည်။

အဆင့်မြင့် ကံကြမ္မာစွမ်းရည်ရှိသူ အချို့သည် သူတို့  ဘဝတစ်လျှောက်လုံး လေ့ကျင့်၍ အကောင်းဆုံး လုပ်နိုင်သည်မှာ အဆင့် (၅) သာ ဖြစ်သည်။ လူတစ်သန်းထဲတွင် တစ်ယောက်မျှသာ အဆင့် (၆) သို့    ရောက်ရှိနိုင်ကြသည်။

အဆင့် (၈) နှင့် အဆင့် (၇) သို့ ရောက်ရှိသူများသည် မရှိသလောက်  ရှားပါးသည်။

လင်းဟွမ်သည် တစ်ထိုင်တည်းဖြင့် ဉာဏ်အလင်းပွင့်ခြင်း အဆင့်သို့ ဆိုက်ရောက်သွားသောကြောင့် ကိုယ့်ကိုယ်ကို သက်သေ  ပြနိုင်ခဲ့သည်။
ထို့နောက် သူ့ကိုယ်ထဲရှိ ကတ်များကို စစ်ကြည့်လိုက်ရာ တာဝန်ကို အောင်မြင်ခဲ့သဖြင့် ဆုလာဘ်အဖြစ် ကုသရေးကတ်တစ်ခု  ရရှိခဲ့သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now