201----205

144 30 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၂၀၁) - မင်း ငါ့ကိုစော်ကားရင် နောက်ဆက်တွဲဆိုးကျိုးက ပိုဆိုးစေရမယ်။

ဓါးပါရမီရှင်သည် မုဆိုးတိုက်ပွဲကွင်းပြင်တွင် ပွဲ (၆၀) ဆက်တိုက် အနိုင်ရရှိခြင်းနှင့်အတူ ဂုဏ်သိက္ခာ ကြီးမြင့်စွာ နောက်တစ်ကြိမ် ပြန်ပေါ်လာမည်ဟု လူအများက မမျှော်လင့်ထားခဲ့ကြပေ။

ထို့အပြင် (၆) ထပ်ရှိ ကစားသမားများနှင့် လင်းဟွမ်ကို follow မလုပ်ထားသော အခြားအထပ်မှ ကစားသမားများသည် လင်းဟွမ်က တိုက်ပွဲပေါင်း (၆၀) ဆက်တိုက် အနိုင်ရလိမ့်မည် မဟုတ်ဟု ထင်မြင်ခဲ့ကြသည်။

ဓားပါရမီရှင်သည် ပွဲ (၆၀) မြောက် တားဆီးသူ ဖန်းဝူကို အနိုင်ယူခဲ့ကြောင်း သိလိုက်ရသောအခါ လူအများက မမျှော်လင့်ထားသဖြင့် အံ့အား သွားကြသည်။
ထိုအခန်းထဲတွင် ကြည့်နေခဲ့ကြသော လူပေါင်း (၅၀,၀၀၀) ပင် အံ့အောမဆုံး ဖြစ်နေကြသည်။

သူတို့သည် ဓါးပါရမီရှင်၏ ပွဲ (၆၀) ဆက်တိုက် အောင်ပွဲကို မြင်တွေ့ခဲ့ရရုံသာမက ဓါးပါရမီရှင်က ဆက်လက် တိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့သည့် အကြောင်းကို  အံ့ဖွယ်ဘနန်း မြင်တွေ့နေရသည်။

မကြာခင် (၆၁) ပွဲမြောက် ပြိုင်ဘက်ကို စင်ပေါ်သို့ စေလွှတ်လိုက်သည်။

အသက် (၁၇) နှစ် သို့မဟုတ် (၁၆) နှစ်ခန့်သာ ရှိသော  မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူမသည် မျက်နှာဝိုင်းဝိုင်းလေးနှင့် မျက်ကပ်မှန် တပ်ထားသော်လည်း  မဝပေ။ 

စင်ပေါ်သို့ အပို့ခံလိုက်ရသဖြင့် စိတ်လှုပ်ရှား နေသော်လည်း လင်းဟွမ်၏
အမှတ်စာရင်းကို တွေ့လိုက်သောရအခါ ထိတ်လန့် တုန်လှုပ် သွားသည်။

“မင်းက တကယ်ပဲ ဓါးပါရမီရှင်လား”

လင်းဟွမ်က ပြုံးလိုက်ပြီး

“မင်း ဘယ်လိုထင်လဲ”

သို့သော် ကောင်မလေးက သူ၏ခံစားချက် အစစ်အမှန်ကို မဖတ်နိုင်အောင်
မျက်နှာပေါ်တွင် အမူအရာ ကင်းမဲ့နေသည်။

“နာမည် တူနေရင်တောင် အမှတ်က လိမ်မှာ မဟုတ်ဘူး။ မင်းက တကယ်ပဲ ဓါး
ပါရမီရှင်လို့ ငါထင်တယ်”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now