71---80

246 31 1
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၇၁) - ခရမ်းရောင် ဝတ်စုံဖြင့် လက်ခြောက်ဖက် နတ်ဆိုး။

လက်ခြောက်ဖက် နတ်ဆိုးသည် မသေနိုင်သော မျိုးစိတ်ထဲတွင် ပါဝင်သည်။

ဒဏ္ဍာရီအရ မသေနိုင်သော မျိုးစိတ်များသည် ပျိုမြစ်ခြင်း ရေပန်းမှ စီးဆင်းလာသောရေကို သောက်သုံးမိပြီး မွေးဖွားလာသော မျိုးစိတ်အသစ်များ ဖြစ်သည်ဟု ဆိုကြသည်။ မသတ်နိုင်လောက်အောင် အသက်ရှည်သောကြောင့် မသေနိုင်သော မျိုးစိတ်များဟု ခေါ်ကြသည်။

ဤကမ္ဘာတွင် သာလွန်အဆင့်အောက်ရှိသော လူသားအများစုသည် သူတို့၏ ကံကြမ္မာ စက်ဝိုင်းထဲတွင် တိုင် ၃၆၀ ရှိပြီး ကံကြမ္မာ အလင်းတိုင်တစ်ခုခြင်း စီသည် အသက်တစ်နှစ်ကို ကိုယ်စားပြုသည်။ မီးခိုးရောင် တိုင်အားလုံးကို တစ်ကြိမ်တည်း ဖွင့်ထားသော်လည်း အများဆုံး အသက်ရှည်နိုင်သည့် နှစ်မှာ နှစ် ၇၂၀ အောက်သာ ဖြစ်ကြသည်။

ရွှေအဆင့် သက်ရှိများပင် သူတို့သည် သာလွန်အဆင့် သို့မဟုတ် မွမ်းမံသန္ဓေ ပြောင်းထားခြင်း   မရှိပါက ခြွင်းချက် မဟုတ်ပေ။

လူသားများအပြင် သာလွန် အဆင့်အောက်ရှိ မွန်းစတားအများစုသည် အနှစ် တစ်ထောင်ထက်ပို၍ မနေနိုင်ကြပေ။

အခြား တစ်ဖက်တွင်မူ မသေနိုင်သော မျိုးစိတ်များသည် ခြားနားသော ပုံပြင်တစ်ပုဒ် ဖြစ်သည်။ အသတ်မခံရပါက တစ်ခါတစ်ရံ နှစ်ပေါင်းတစ်ထောင် သို့မဟုတ် နှစ်ပေါင်းထောင်နှင့်ချီပြီး ရှင်သန်နိုင်ကြသည်။ သူတို့သည် မွန်းစတား အများစုထက် ပို၍ အသက်ရှည်ကြသည်။

ပြည်ထောင်စုအစိုးရ၏ မျိုးစိတ်သုတေသန ဌာနသည် သုတေသနလုပ်ရန် ရည်ရွယ်ချက်ဖြင့် မသေနိုင်သော သက်ရှိမျိုးစိတ်ပေါင်း တစ်ရာကျော်ကို ဖမ်းခဲ့သည်။

အပြင်ကမ္ဘာမှာ မသေနိုင်ကြသည်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၁၀ စင်တီဂရိတ် အောက်ရှိ အခန်းထဲတွင် နှစ်ပေါင်း ရာကျော်အောင် ထားခဲ့ကြသည်။ အသက်ရှင်ရန် အစာ သို့မဟုတ် ရေတစ်စက်မျှ မလိုအပ်ပေ။ သူတို့၏ ဘဝပန်းတိုင်သည် ရှည်လျားသောအသက်များ၏ နောက်ဆုံး  အဆုံးသတ်ရောက်သည်အထိ ပန်းတိုင်မဲ့စွာ နေသွားသည့်ပုံ  ရှိသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now