931------940

103 10 0
                                    

အခန်း(၉၃၁) - ချန်းသွမ်၏ ဖုန်းခေါ်ဆိုမှု…..

လင်းဟွမ်သည် မုဆိုးအဖွဲ့အစည်း ဖိုရမ်၏ ဝက်ဆိုဒ်ကို ပိတ်ပြီးနောက် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ ဖူမင်းကွမ်နှင့် ချီဟောင်တို့ ပေါ်ထွက်လာခြင်းက သူ့အတွက် ဖိအား ပိုများစေခဲ့သည်။ သူတို့ နှစ်ယောက်လုံးသည် အင်ပါယာအဆင့် တန်ခိုးရှင်များ ကြားတွင် ထူးချွန်သည်ဟု မယူဆနိုင်သော်လည်း ရှေးဟောင်း ကျင့်စဉ်များကို ကျင့်ကြံရာတွင် ထူးကဲသာလွန်သော အရည်အချင်းများ  ရှိနေသည်။

အနာဂတ်တွင် ဖူမင်းကွမ်နှင့် ချီဟောင်ကဲ့သို့ လူမျိုး ဘယ်လောက်များများ ပေါ်ထွက်လာမည် ဆိုသည်ကို    သူလည်း  မသိပေ။  မြေကြီးလက်ခတ် မလွဲ ပြောနိုင်သည်မှာ ထိုနှစ်ယောက်ထက်ပင် အစွမ်းထက်သောလူများ ရှိလာနိုင်သေးသည်။

လင်းဟွမ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စိတ်ခံစားချက်များ ပြန်လည် တည်ငြိမ်လာသည်။ ထို့နောက် ပါရမီရှင် သမဂ္ဂထဲ   ဝင်ရောက်သွားသည်။

နောက်ဆုံးအကြိမ် ပါရမီရှင် သမဂ္ဂမှ ထွက်လာသောအခါ (၅၅) ခုမြောက် စစ်ဆေးရေးဂိတ်မှ ထွက်လာခဲ့ခြင်း ဖြစ်သောကြောင့် ယခုတစ်ကြိမ် ပြန်ဝင်သည့် အချိန်တွင်လည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဆက်လက် ရှိနေဆဲပင်…..

လင်းဟွမ်သည် အနီအနား ပတ်ဝန်းကျင်တွင် ဧရာမ အပင်ကြီးများကို တွေ့လိုက်သောအခါ လျှို့ဝှက်သစ်တောထဲ  ရောက်နေကြောင်း သိလိုက်၏။
သူ၏ တည်နေရာကို အတည်ပြုပြီးနောက် သားကောင်များကို သတ်ဖြတ်ရန် ပြင်ဆင်နေစဉ် ဆက်သွယ်ရေးလိုင်းက ရုတ်တရက် မြည်ဟီး လာသည်။

မျက်နှာပြင်ကို ဖွင့်လိုက်ရာ ဖုန်းခေါ်ဆိုသောလူမှာ ချန်းသွမ် ဖြစ်နေကြောင်း သိလိုက်ရသည်။ လင်းဟွမ်က ဖုန်းကိုင်သည့် ခလုတ်ကို   နှိပ်ပြီး ..

“ဟုတ် ပြောပါ..”

“နောက်ဆုံးတော့ မင်းဝင်လာပြီပေါ့။ မင်းကို မတွေ့တာ   နှစ်ဝက်လောက်   ရှိနေပြီ”

ချန်းသွမ်က အမြဲလိုလို အဖြူရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီတိုကို ဝတ်ဆင်တတ်သည်။ သူသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသောကြောင်း အလွယ်တကူ သိရှိနိုင်ပြီး လူတိုင်းက သူ့ကိုမြင်ရုံနှင့် အထင် ကြီးစေနိုင်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now