691-------700

156 19 0
                                    

အခန်း(၆၉၁) - နှင်းအောက်မှာ…..

နောက်တစ်နေ့  မနက် (၆) နာရီ….

လင်းဟွမ်သည်  အိပ်ရာမှ နိုးလာပြီးနောက် ပထမဦးဆုံး ပြုလုပ်သောအရာမှာ သွေးရဲရဲလေးထံမှ ဟင်းလင်းပြင်အပျက်အစီး အကြောင်းကို မေးမြန်းခြင်းပင်။

“အခြေအနေ ဘယ်လိုလဲ.. မျှော့မျိုးစေ့တွေက နေရာတိုင်း  ဖြန့်ဝေ  ပြီးသွားပြီလား..”

“မနေ့ည (၁၁) နာရီ လောက်ကတည်းက နေရာတစ်ခုလုံးကို ဖုံးလွှမ်းပြီးသွားပြီ..
ပတ်ပတ်လည်မှာ ဘယ်သူမှ မရှိဘူး။  အထီးကျန်နေတဲ့ ကျက်တီး မြေတစ်ခုလိုပဲ။ အဆောက်အဦးတွေလည်း မရှိဘူး။ နှင်းတွေ၊ မွန်းစတားတွေကလွဲရင်  ဘာမှမရှိဘူး”

သွေးရဲရဲလေးက  ပြောလိုက်သည်။

“ဒါပေမယ့် ထူးဆန်းတာ တစ်ခုတော့ရှိတယ်။ မနေ့ညက  အကြိမ်ကြိမ်
စစ်ဆေးခဲ့ပေမယ့် အဖွဲ့ခွဲ (၃) ပြည်ထောင်စုအစိုးရရဲ့  အဖွဲ့နှစ်ခုကို   ရှာမတွေ့
ဘူး”

“ မင်းဆက်ရဲ့အဖွဲ့လည်း  ပျောက်ကွယ်နေတယ်”

“အဆောက်အဦး မရှိဘူး…။ အဖွဲ့ (၃) ဖွဲ့လည်း ပျောက်နေတယ်  ဟုတ်လား…”

လင်းဟွမ် မျက်မှောင်ကြုတ်ပြီး အိပ်ရာပေါ်မှ ဖြည်းဖြည်းချင်း  ထလိုက်သည်။

“ဒီခရီးစဉ်က အဖွဲ့ခွဲ (၃) ပြည်ထောင်စုအစိုးရက စီစဉ်ထားတာပဲ။ တစ်ရက်တည်းနဲ့ ပြန်ထွက်သွားဖို့ မဖြစ်နိုင်ဘူး”

“မင်းဆက်မှာလည်း အစွမ်းထက်တဲ့ လူတွေ အများကြီး ပါတယ်။ ဒီတိုင်း ပြန်
ဆုတ်ခွာသွားဖို့ မဖြစ်နိုင်ဘူး။ အဲ့ဒီအဖွဲ့တွေ ဒီဟင်းလင်းပြင် အပျက်အစီးထဲမှာ
ပဲ  ရှိမယ်လို့  ငါတော့ထင်တယ်..”

“ဟင်းလင်းပြင် အပျက်အစီးရဲ့ ထောင့်တစ်ခု၊ နေရာတစ်ခုမှ   မကျန်တာ
သေချာရဲ့လား..”

လင်းဟွမ်က သွေးရဲရဲလေးကို နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“ငါတော့ မထင်ဘူး။ ဒီတစ်ခေါက်မှာ မျှော့မျိုးစေ့ သန်းပေါင်းများစွာ ထုတ်
လွှတ်ထားတယ်။ ဒါကြောင့် အပြည့်အဝ လွှမ်းခြုံထားပြီးသားပဲ။ (၅)
ကီလိုမီတာ၊ (၆)ကီလိုမီတာ အကွာအဝေးတိုင်းမှာ မျှော့မျိုးစေ့တစ်ခုစီ ရှိတယ်
။ လွဲချော်သွားတာမျိုး  မဖြစ်နိုင်ဘူး..”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now