731--------740

148 19 0
                                    

အခန်း(၇၃၁) - ဝင်ရိုးစွန်း နဂါးများ။

" စိတ်အနှောက်အယှက် ပေးတဲ့ ဒီကောင့်ကို သတ်လိုက်ရတာ တော်တော်လေး နေလို့ ကောင်းသွားတယ်”

နှင်းဘီလူးကြီးသည် နှင်းမှုန်အလောင်းကောင် သေဆုံးသွားသည်ကို မြင်လျှင် မှော်တာအိုစာအုပ်ကို ပြန်သိမ်းလိုက်သည်။

"မင်း ခန္ဓာကိုယ်ထဲက စွမ်းအားတွေက ကုန်လုနီးပါး ဖြစ်နေပြီ။ ငါတို့ နောက်တစ်နေရာ ဆက်မသွားခင် ခဏနားရအောင်။"

ကျားရှင်းက အကြံပြုလိုက်သည်။ ထို့နောက် နှင်းမှုန်အလောင်းကောင်၏  နယ်မြေထဲသို့ ဖြည်းဖြည်းခြင်း လမ်းလျှောက်သွားပြီး လင်းဟွမ် လုပ်ခဲ့သောတွင်းကို ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ ခဏအကြာ ပြန်ရောက်လာပြီး မည်သည့်စကားမှ မပြောဘဲ ထိုင်တွေးနေခဲ့သည်။

နှင်းဘီလူးကြီးက တင်ပျဉ်ခွေထိုင်နေပြီး စွမ်းအင် သလင်းကျောက်များကို မျိုချကာ ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေ၏။
မကြာခင် တစ်နာရီ ကုန်သွားပြီး နှင်းဘီလူးကြီး မျက်လုံးပွင့်လာကာ ကျားရှင်းကို

"သွားရအောင်"

"မင်း စွမ်းအား  ဘယ်လောက် ပြန်ရပြီလဲ"

ကျားရှင်းက မေးလိုက်သည်။

"(၃၀) ရာခိုင်နှုန်းလောက်တော့ ပြန်ရပြီ။ နှင်းမှုန် အလောင်းကောင်လိုမျိုး မွန်းစတားတစ်ကောင်နဲ့ ထပ်တွေ့ရင်တောင်မှ  ကိုင်တွယ်ဖို့  လုံလောက်တယ်"

နှင်းဘီလူးကြီးက ပြန်ဖြေသည်။

"(၃၀)  ရာခိုင်နှုန်းပဲလား"

ကျားရှင်း မျက်မှောင်ကြုတ်သွားသည်။  စုစုပေါင်း စွမ်းအား၏ (၃၀) ရာခိုင်နှုန်းကိုသာ ပြန်ရခြင်းက မလုံလောက်ဘူးဟု  ယောင်ဝါးဝါး  ခံစားနေရဆဲပင်။

"အချိန်ဖြုန်းနေတာ ရပ်လိုက်တော့။ နောက်တစ်နေရာ မြန်မြန်ရှာ"

ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ နောက်ဆုံး  အချိန်ရောက်ဖို့  နာရီပိုင်းပဲ  ကျန်တော့တယ်” 

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now