811------820

95 9 0
                                    

အခန်း(၈၁၁) - မျက်နှာဖြူဖျော့နေသောလူ၏ ဝှက်ဖဲ…

နတ်ဘုရားရုပ်တု တိုက်ခိုက်ရေးဝိညာဉ်ကို သတ်ဖြတ်ရန်  နည်းလမ်းသုံးမျိုး  ရှိသည်။

ပထမ နည်းလမ်းမှာ နတ်ဘုရားရုပ်တုကို သတ်ဖြတ်ရန် ဖြစ်သော်လည်း အစစ်အမှန် နတ်ဘုရားတစ်ပါးကသာ ထိုကဲ့သို့ ပြုလုပ်နိုင်သည်။

ဒုတိယ နည်းလမ်းမှာ နတ်ဘုရားရုပ်တုအတွင်းရှိ မွန်းစတားဝိညာဉ်ကို သတ်ပစ်ရန်ပင် ။ သို့သော် တိုက်ခိုက်ရေး ဝိညာဉ်ကို သတ်ဖြတ်နိုင်ရန် ခွန်အား
လိုအပ်ချက်က မြင့်မားလွန်းသည်။ ထို့အပြင် မျက်နှာဖြူဖျော့နေသော လူ၏ တိုက်ခိုက်ရေးဝိညာဉ်မှာ ရွှေနက်ရောင်အဆင့်တွင် ရှိနေသောကြောင့် ရွှေဝါရောင်အဆင့်၊    အနည်းဆုံး  အဆင့်နှစ်ဆင့် ပိုမြင့်သည့် တိုက်ခိုက်ရေး ဝိညာဉ်ကသာ ၎င်းကို သတ်ဖြတ်နိုင်သည်။

တတိယနည်းလိမ်းမှာ နတ်ဘုရားရုပ်တု တိုက်ခိုက်ရေး ဝိညာဉ်၏ ကံကြမ္မာစွမ်းအားကို ကုန်ဆုံးသွားအောင် လုပ်ရန်ပင် ။ သို့သော်လည်း ဤနည်းလမ်းက အချိန်ကုန်လွန်း၏။ နတ်ဘုရားရုပ်တု၏ အကာအကွယ်သည် ထူးထူးခြားခြား အားကောင်းသောကြောင့် ၎င်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို  တောင့်ခံနိုင်ပြီး ကံကြမ္မာစွမ်းအား လုံးဝ  ကုန်ဆုံးရှုံးမည်  မဟုတ်ချေ။

နတ်ဘုရားရုပ်တု တိုက်ခိုက်ရေး ဝိညာဉ်၏ ကံကြမ္မာစွမ်းအားကို လျော့နည်းသွားစေနိုင်သည့် တစ်ခုတည်းသောနည်း လမ်းမှာ တိုက်ပွဲအတွင်းတွင် ၎င်းတို့၏ ကံကြမ္မာစွမ်းအားကို အဆက်မပြတ် အသုံးပြုနေစေရန် နတ်ဘုရားရုပ်တုကို အဆက်မပြတ် တိုက်ခိုက်နေရမည်။

အခြားနည်းလမ်းမှာ နတ်ဘုရားရုပ်တု ပိုင်ရှင်ကို သတ်ပစ်ရန်သ,….

တိုက်ခိုက်ရေးဝိညာဉ်၏ ပိုင်ရှင် သေဆုံးသွားသည်နှင့် နတ်ဘုရားရုပ်တုအတွင်းမှ တိုက်ခိုက်ရေး ဝိညာဉ်လည်း ပြိုကွဲသွားလိမ့်မည်။ ထိုအခါ နတ်ဘုရား ရုပ်တုသည် ၎င်း၏ မူလအရွယ်အစား ဖြစ်သော လက်ဖဝါးအရွယ် ရုပ်တုအဖြစ်   ပြန်ရောက်သွားလိမ့်မည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now