11---20

363 30 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၁) - မဟာဓါးကျမ်း အပိုင်းတစ်။

နောက်တစ်နေ့ မနက်၌ လင်းဟွမ်သည် အခန်းထဲတွင် တစ်နေကုန် အိပ်နေခဲ့သည်။ မနက်ပိုင်းတွင် လင်းရှင် ထွက်သွားသည်ကိုပင် သတိမထားခဲ့မိပါ။

လင်းရှင် ကျောင်းကပြန်ရာက်မှ နိုးလာခဲ့သည်။ ထို့နောက် လင်းရှင်နှင့်အတူတူ ဒုတိယအထပ်တွင် နေ့လည်စာ စားခဲ့သည်။

စားသောက်ဆိုင်ထဲတွင် အခန်း ၃၀၁ တွင် နေထိုင်သော  အမာရွတ် အမျိုးသားနှင့် ဝင်တိုက်မိသည်။ လင်းဟွမ်က ပြုံးပြလိုက်သော်လည်း အမာရွတ်နှင့်အမျိုးသားက အမူအရာ ကင်းမဲ့စွာ ခေါင်းညိတ်ပြသည်။

ညဘက် ရောက်သောအခါ လင်းရှင်က အိပ်ရာ ဝင်သွားပြီး လင်းဟွမ်သည် အမာရွတ် အမျိုးသားကိုပင် မစောင့်တော့ဘဲ လေသာဆောင်တွင် ဓါးသိုင်းကို စတင် လေ့ကျင့်ခဲ့သည်။ တတိယ ကြိမ်မြောက် လေ့ကျင့်ပြီးသောအခါ၌ ပန်းခြဲထဲတွင် လေ့ကျင့်နေသော အမာရွတ် အမျိုးသားနှင့် လူကို တွေ့လိုက်ရသည်။
ဒီတစ်ကြိမ်တွင် လင်းဟွမ်သည် သူလေ့ကျင့်နေမှုကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ နည်းစနစ် အပြည့်အစုံကို တစ်ဆင့်ပြီး တစ်ဆင့် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ထိုအမျိုးသား ဟိုတယ်ထဲသို့ ပြန်ဝင်သွားသည်နှင့် လင်းဟွမ်က သူမြင်ခဲ့သည့်အတိုင်း လေ့ကျင့်လိုက်သည်။

ထိုညတွင် အကြိမ်တစ်ရာကျော် လေ့ကျင့်ခဲ့ပြီး စွမ်းရည်ကဒ် အပိုင်းအစ ၃၆ခု ရရှိခဲ့သည်။

မနေ့ညက သူရရှိထားသော စွမ်းရည်ကဒ် အပိုင်းအစ  စုစုပေါင်း ငါးဆယ့်ခုနှစ်ခု  ရှိနေသည်။

ကံမကောင်းစွာဖြင့် စွမ်းရည်ကဒ် တစ်ခု ဖွဲ့စည်းရန် မလုံလောက်သေးပေ။
သုံးရက် မြောက်နေ့တွင် လင်းဟွမ်သည် နေ့ခင်းဘက် လင်းရှင် ကျောင်းမှ ပြန်ရောက်လာသည့်အချိန်အထိ အိပ်ပျော်နေခဲ့သည်။

“အစ်ကို၊ ညအိပ်မပျော်တဲ့ ရောဂါ ခံစားနေရတာလား”

လင်းရှင်က စိုးရိမ်တကြီး  မေးလိုက်သည်။

“အင်း။  နည်းနည်းလေးပါ”

လင်းဟွမ်သည် လင်းရှင်ကို အကြောင်းပြချက် ရှင်းပြစရာမလိုအောင် သူမ ပြောသည့်အတိုင်း ဝန်ခံလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now