136----140

177 21 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၃၆) – ဖန်ဝမ်ထံမှ သတင်း အချက်အလက်။

ဖန်ဝမ်၏ အခန်းသည် မျက်နှာချင်းဆိုင် အဆောက်အဦး၏  အခန်းနံပါတ် (၁,၈၀၁) ဖြစ်သည်။

လင်းဟွမ်သည်  သူ့  အခန်းနံပါတ်ကို အလွယ်တကူ ရရှိခဲ့သည်။ လေ့ကျင့်ရေး မျှောစင်သို့ မဝင်သရွေ့ လေ့ကျင့်ရေးစခန်းထဲ၌ နေရာ ပြောင်းရွှေ့၍ နေခွင့်ရှိသော်လည်း ထွက်သွားခွင့် မရှိပေ။ အိပ်ဆောင်တွင် ဓာတ်လှေကား မရှိသောကြောင့် လင်းဟွမ်သည် (၁၈) ထပ်သို့ လေညင်းခံရင်း တက်လာခဲ့သည်။

လူသွားစင်္ကြန်တွင် လမ်းလျှောက်လာစဉ် ဖန်ဝမ်၏အခန်းတံခါး ပွင့်နေသည်ကို
သတိ ထားလိုက်မိသည်။

‘သူ ဒီမှာရှိနေတာ ကံကောင်းတယ်’

လင်းဟွမ်သည် အခန်းသို့ လမ်းလျှောက်လာစဉ် အမျိုးသမီးတစ်ယောက်၏
အော်ညည်းသံကို ကြားလိုက်ရသည်။ တစ်သံ မဟုတ် နှစ်သံဖြစ်သည်။ လင်းဟွမ်သည်   ဖန်ဝမ်က ဤကဲ့သို့ အကျိုးအကြောင်း မဆီလျော်သောကိစ္စ လုပ်နေလိမ့်မည်ဟု  မမျှော်လင့်ထားပေ။

“ဘယ်သူလဲ”

အခန်းထဲမှ လူတစ်ယောက်က အော်လိုက်သည်။ ဖန်ဝမ်သည် အဖြူရောင်
သဘက်ကြီးပတ်ပြီး ထွက်လာသည်။

လင်းဟွမ်သည် မျက်နှာပူနေသော်လည်း လက်ဝှေ့ယမ်း ပြလိုက်ပြီး..

“အို၊ မင်္ဂလာ  မနက်ခင်းပါ”

“လင်းဟွမ်  လား”

ဖန်ဝမ်သည် လင်းဟွမ် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ လင်းဟွမ်
နှင့် စကား ပြောချင်သောကြောင့်  သူက ပြောလိုက်သည်။

“ခဏလောက် စောင့်ပေးပါ။ ငါ သန့်ရှင်းရေး လုပ်လိုက်ဦးမယ်”

“ရပါတယ်။ မင်းကိုကြည့်ရတာ အလုပ်ရှုပ်နေတဲ့ ပုံပဲ။ မနက်ဖြန်ကျမှ ငါ ထပ်
လာခဲ့မယ်”

လင်းဟွမ်သည် သူ၏အပျော်ကို နှောင့်ယှက်လိုက်သလို ဖြစ်သွားကြောင်း သိ
လိုက်သည်။

“ရပါတယ်။ ငါ့မှာ အချိန်ရှိပါတယ်။ မင်းက ပို အရေးကြီးတယ်.။ ငါ့ကို အချိန်
(၂) မိနစ် (၃) မိနစ်လောက်ပဲပေး”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now