391------400

179 22 0
                                    

အခန်း(၃၉၁) - ဖက်တီး။

သိုင်းပညာ မုဆိုးကောလိပ်သည် ဂုဏ်ပြုခံ ကျောင်းတစ်ခုပင်…

လုမင်က လင်းဟွမ်ကို သင်ပေးရန် တောင်းဆိုခဲ့သော ဓါးတာအို သင်ခန်းစာသည် တိုက်ပွဲအခြေခံ တိုက်ခိုက်ရေး အစီအစဉ်သာ ဖြစ်သော်လည်း သီအိုရီများစွာ ပါဝင်နေသည်။ အစီအစဉ်တိုင်းတွင် ပြဌာန်းချက်စာအုပ်များ ရှိသည်။
ဆရာအများစုအတွက် ဤစာအုပ်များသည် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်၍ အများအားဖြင့်တော့ ပြဌာန်းချက် စာအုပ်များအတိုင်း မသင်ကြား ကြပေ။ သို့သော်လည်း  လင်းဟွမ်အတွက်မူ သင်ကြားရေး အတွေ့အကြုံ မရှိသောကြောင့် လမ်းညွှန်ချက်စာအုပ်များ လိုအပ် လာခဲ့သည်။ အမှန်တကယ်ဆို ကျောင်းသားများအား မည်ကဲ့သို့ သင်ပေးရမလဲ ဆိုသည်ကို သူမသိပေ။

တစ်နာရီခွဲခန့် ကြာပြီးနောက် လင်းဟွမ်သည် တစ်နေ့တာ အစီအစဥ်များကို ဖတ်ပြီးသွားခဲ့သည်။ ယခင်က မသိခဲ့ရသည့် အရာများစွာကို သင်ယူ နိုင်ခဲ့ပြီး စိတ်ဝင်စားလွန်းသဖြင့် ဒီနှစ်အတွက် အစီအစဉ် နှစ်ခုကို စတင်ဖတ်ရှုလိုက်သည်။ ထိုစဉ် အင်ပါယာ နှလုံးသားလက်စွပ်က  တုန်ခါလာသည်။

ဆက်သွယ်ရေး မျက်နှာပြင်ကို ကြည်လိုက်ရာ မတွေ့ရသည်မှာ ကြာနေပြီဖြစ်သော ဖက်တီးထံမှ ဖြစ်နေခြင်းပင်။

“စာကြည့်တိုက်မှူး  ကျေးဇူးပြုပြီး အသံလုံ စနစ်ကို  အသက်သွင်းပေးပါ”

လင်းဟွမ်က မော့ကြည့်ပြီး စာကြည့်တိုက်မှူးကို ပြောလိုက်လျှင်

“ရတာပေါ့”

စာကြည့်တိုက်မှူး (၀၇,၀၀၃) က အခန်းအတွင်းရှိ အသံလုံအလွှာကို အသက်သွင်းလိုက်သည်။ ဒါသည် ဆရာ အခန်းများအတွက် သီးသန့် လုပ်ဆောင်မှု တစ်ခုဖြစ်သည်။ အမိုးအကာ ပုံစံဖြင့် ထွင်းဖောက်၍ မြင်နေရသော အသံလုံအလွှာကို မြင်လိုက်လျှင် လင်းဟွမ်က ဖုန်းကိုင်လိုက်သည်။ ဖုန်းခေါ်ဆိုမှု ချက်ချင်း ချိတ်ဆက်သွားပြီး စခရင် အများစုကို သိမ်းပိုက်ထားသော  ဖက်တီး  ပေါ်လာသည်။

“ဟာ ဖက်တီး မင်း တော်တော်လေး ဝိတ်ကျသွားပါလား”

လင်းဟွမ်က  စ  နောက်လိုက်ချိန်တွင်

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now