196---200

202 25 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၉၆) - နှစ်ကူး ပွဲတော်။

ကမ္ဘာပေါ်တွင် ရှိစဉ်က လူတိုင်း၏ ရည်မှန်းချက်သည် အိမ်ကြီးကြီးတွင် နေထိုင်ပြီး ကားအကောင်းစား‌ကြီး မောင်းကာ လှပသော မိန်းကလေး တစ်ယောက်နှင့် လက်ထပ်ရန်ဟု လူတစ်ယောက်က ပြောခဲ့ဖူးသည်။

လင်းဟွမ်သည် အိမ်ကြီးတစ်လုံးမှာ နေထိုင်ရန် အိမ်သော့ကို လက်ထဲတွင်ကိုင်ထားပြီး ဒီအိမ်သည် ငါးရာ့တစ်ဆယ် စတုရန်းမီတာခန့် ရှိကာ အကျိုးဆောင်အမှတ် သန်းတစ်ရာ့ တစ်ဆယ် ကုန်ကျသည်။ တစ်စတုရန်း မီတာလျှင်
အကျိုးဆောင်အမှတ် နှစ်သိန်းနှစ်သောင်း နီးပါးခန့်ရှိသည်။ ဇိမ်ခံအိမ်ကြီးဟု ယူဆနိုင်ပြီး သူဌေးကြီး တစ်ဦးပင်လျှင် နှစ်ခါပြန်စဉ်းစားရမည့် ဈေးနှုန်း 
ဖြစ်သည်။

သို့သော် ဤဈေးနှုန်းသည် မုဆိုးများအတွက် ဘာမှမဟုတ်ပေ။ အကျိုးဆောင်အမှတ် သန်းတစ်ရာ ဆိုသည်မှာ ပြီးပြည့်စုံသော ကံကြမ္မာသလင်းကျောက် ဆယ်တုံးသာ ရှိသည်။ ကံကြမ္မာ သလင်းကျောက် အပိုင်းအစနှင့်ဆိုလျှင် တစ်ထောင်နှင့် ညီမျှသည်။

လင်းဟွမ်ကဲ့သို့ မုဆိုးများသည် အမဲလိုက်သည့် အခါတိုင်း ထိုငွေကြေးကို ပြန်ရနိုင်သည်။ အိမ်ကို ဝယ်ယူစဉ်အချိန်က နေထိုင်ခွင့် လက်မှတ်ကို အတည်မပြုမည်ကို စိုးရိမ်နေခဲ့သော်လည်း စိုးရိမ်ခြင်းက စိုးရိမ်ခြင်းသာ ဖြစ်ခဲ့သည်။
လင်းရှင်၏ အထောက်အထား အသစ်ဖြစ်သော လင်းရွယ်အမည်နှင့် အိမ်နာမည်ကို စာရင်း သွင်းခဲ့သည်။

ငွေပေးချေပြီးသည်နှင့် အိမ်သို့ ချက်ချင်း ပြောင်းရွေ့ခဲ့ကြသည်။ လင်းဟွမ်သည် ဟိုတယ်မှ အခန်းကို အွန်လိုင်းပေါ်မှာပင် ချက်အောက် လုပ်လိုက်သည်။ ပြန်မသွားတော့ပေ။ ဟိုတယ် အခန်းကို သုံးရက်စာ ကြိုမှာထားခဲ့သော်လည်း တစ်ရက်သာ နေခဲ့သောကြောင့် ပိုသည့်ငွေကို ဟိုတယ်က ပြန်အမ်းပေးခဲ့သည်။
အိမ်၏ပထမထပ်တွင် ဧည့်ခန်း၊ မီးဖိုချောင်နှင့် ရေချိုးခန်းနှစ်ခန်း ရှိသည်။ ဒုတိယအထပ်တွင် အိပ်ခန်း သုံးခန်း၊ ရေချိုးခန်းနှစ်ခန်း ရှိသည်။ အိပ်ခန်းထဲမှ  တစ်ခုသည် ပိုကြီးသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now