741-------750

135 17 0
                                    

အခန်း(၇၄၁) - အလကားရသော သတင်းတစ်ခု။

မှောင်ခိုဈေးထဲမှ ရရှိသော သတင်းများအရ သန္ဓေသုံးကြိမ်ပြောင်း မွန်းစတား (၃၁) ကောင်သာ ရှိသည်။ လွန်ခဲ့သော  တစ်လ   ခရမ်းရောင် မီးလျှံအဆင့်တွင် ရှိစဉ်က သူရရှိခဲ့သော အချက်များနှင့် နှိုင်းယှဉ်ပါက သန္ဓေသုံးကြိမ်ပြောင်း မွန်းစတား အရေအတွက်မှာ လျော့ကျသွားပြီး စာရင်းအသစ်ထဲတွင် ထပ်ပေါင်းထားသော မွန်းစတား (၈) ကောင်သာ ရှိ၏။ သို့သော်လည်း ထိုအထဲမှ (၁၁) ကောင်ကို စာရင်းထဲမှ ဖယ်ရှားလိုက်သည်။

သန္ဓေသုံးကြိမ်ပြောင်း    မွန်းစတား  (၃၁) ကောင်ထဲတွင် လင်းဟွမ်အား စိတ်ကျေနပ်မှု ပေးနိုင်သည့် ကံကြမ္မာမီးစာ တစ်ကောင်မှ မပါပေ။ လင်းဟွမ်သည် သတင်း အချက်အလက်များကို စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

“အဖွဲ့ခွဲ (၃) မှာ ရှိတဲ့ မွန်းစတားတွေထဲမှာ သင့်တော်တဲ့ မီးစာမွန်းစတား မရှိဘူးလား”

ဒါသည် လင်းဟွမ် မျှော်လင့်ချက်ထဲတွင် ရှိသော်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်  မမျှော်လင့်ထားပေ။ ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် ချန်းသွမ်ထံ ဖုန်းဆက်လိုက်သည်။ ဒုတိယအကြိမ် ဖုန်းမြည်သောအခါ ချန်းသွမ်က ဖုန်းကိုင်လာသည်။ ခါတိုင်းကဲ့သို့ ရှပ်အင်္ကျီအဖြူရောင် ဝတ်ဆင်ထားပြီး တစ်ခါမျှ အင်္ကျီ မပြောင်းသလိုပင်။ သူသည် အစိမ်းရောင် အရက်ခွက်ကို ကိုင်ကာ သားရည်ဆိုဖာ ထိုင်ခုံပေါ်တွင် ကျောမှီ၍ ထိုင်နေသည်။

“မင်း အသက်ရှင် နေမယ်ဆိုတာ ငါ သိတယ်။ အင်ပါယာအဆင့် နှင်းမှုန် အလောင်းကောင်နဲ့ တိုက်ခိုက်ပြီးတော့ မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် လူစုကွဲသွားတယ်လို့ ရှန်းထောင်ဆီက ငါ ကြားခဲ့တယ်။ အဲ့ဒီနောက်ပိုင်း မင်းကို မတွေ့လို့ သေပြီလို့တောင်  ပြောနေကြသေးတယ်”

“ကံကောင်းလို့ လွတ်အောင် ထွက်ပြေးနိုင်တာ”

လင်းဟွမ်က နိမ့်ချပြီး ပြောလိုက်သည်။

“ဒါဆိုရင် လွင့်မြောကုန်းမြေကနေ တစ်ခုခု ရခဲ့သေးလား”

ချန်းသွမ်က မေးရင်း  အရက်သောက်လိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now