941-----945

62 9 0
                                    

အခန်း(၉၄၁) - ပိုးကောင် မျိုးနွယ်စု…

လင်းဟွမ်သည် ချန်းသွမ်နှင့် အချိန်တော်ကြာအောင် စကားပြောပြီးနောက် ပါရမီရှင်သမဂ္ဂထဲတွင် မနေတော့ဘဲ ချက်ချင်း ပြန်ထွက်လာခဲ့သည်။

ဟိုတယ်တွင် ဓါးကျင့်စဉ်ကို တစ်ရက်လုံး လေ့ကျင့်နေခဲ့ပြီး နောက်တစ်နေ့ မနက်တွင် မနက်စာစားပြီးမှ ပါရမီရှင်သမဂ္ဂထဲ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ကြယ်လမ်းစဉ်သစ်ပင် စစ်ဆေးရေးဂိတ် (၆၃) မှ (၇၂) ကြားရှိ အဆင့်များတွင် အင်မော်တယ်အဆင့် (၉) တိုက်ခိုက်ရေး အစွမ်းရှိသည့် မွန်းစတားများနှင့် ပြည့်နှက်နေသည်။

ခက်ခဲမှုအဆင့်သည် စစ်ဆေးရေးဂိတ် (၆၃) မတိုင်ခင် မွန်းစတားများဖြင့် ဆီနှင့်ရေကဲ့သို့ လုံးဝ ကွဲပြားသည်။

နောက်ဆုံးတော့ လူတိုင်းထံတွင် အလွန်ရိုးရှင်းသော နည်းဗျူဟာတစ်ခုသာ ကျန်ရစ် ခဲ့တော့သည်။ ဒါသည် ထိမ်ချန်ထားခြင်း မရှိဘဲ အစွမ်းကုန် ထုတ်သုံး၍ ခပ်မြန်မြန် ဖြတ်သန်းခြင်းသာ….

သို့သော်လည်း စစ်ဆေးရေးဂိတ် (၆၃) တစ်ဝက်ကျော်ကို ဖြတ်သန်းပြီးသည်နှင့် ပိုးကောင် အစောင့်အရှောက်များ   ပေါ်လာသည်။ နည်းဗျူဟာက   လူတစ်ယောက်ချင်းစီသည် ပိုးကောင် အစောင့်အရှောက် (၁၂) ကောင်ကို ဖြတ်ကျော်ရမည်။ ထိုနောက်ပိုင်းတွင် ပိုးကောင် အစောင့်အရှောက်များနှင့် တွေ့ရတော့မည် မဟုတ်ချေေ။ ထိုအချိန်တွင် မိခင်ဘုရင်မ ပေါ်လာနိုင်သည့် ဖြစ်နိုင်ချေကလည်း အလွန်နည်းပါး၏။

တစ်ယောက်ယောက်က မင်းတို့တွေ အသင်းမဖွဲ့ဘူးလားဟု မေးချင် မေးနိုင်သည်။ လူအနည်းငယ်က ပိုးကောင် အစောင့် အရှောက်များကို တားဆီးထားနိုင်သရွေ့ ကျန်သည့် အသင်းဖော်များက ဖြတ်ကျော် သွားနိုင်သည် မဟုတ်ပါလော။  သို့သော်လည်း အမှန်တကယ် လက်တွေ့တွင်  အလုပ် မဖြစ်ခဲ့ပေ။
ကြယ်လမ်းစဉ် သစ်ပင်ပေါ်ရှိ ခက်ခဲမှုအဆင့်သည် ကစားသမား
အရေအတွက်ပေါ် မူတည်၍ မြင့်တက်လာသည်။ လူတစ်ယောက်ဝင်လျှင် အများဆုံးမှ ပိုးကောင် အစောင့်အရှောက် (၁၂) ကောင်သာ တွေ့နိုင်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now