311------320

192 21 0
                                    

အခန်း(၃၁၁) - မီးဖီးနစ်ဌက်၏ အလောင်း။

ရွှေအဆင့်ပြည့်ဝအဆင့်နှင့် သန့်ရှင်း မီးလျှံအဆင့်သို့ တက်လှမ်းသော စည်းမျဥ်းများ၏ စံနှုန်းသည် လုံးဝ  ကွဲပြားသည်။

ရွှေအဆင့်သို့ တက်လှမ်းခြင်းသည် ကံကြမ္မာမျိုးစေ့ မွန်းစတား တစ်ကောင်ကို အမဲလိုက်ရန်သာ လိုအပ်သည်။ ထိုမွန်းစတားကို သတ်ပြီးသည်နှင့် ကံကြမ္မာအလင်း အသွင်ကူးပြောင်းမူ ဖြစ်စဉ် အလိုအလျှောက် ဖြတ်သန်း သွားသည်။ ကံကြမ္မာမျိုးစေ့သည် မုဆိုး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ကံကြမ္မာအလင်း အသွင်ကူးပြောင်းမှု ဖြစ်စဉ်က တခါတည်း အဆုံးသတ်၍  အောင်မြင်သွား၏။

သန့်ရှင်းမီးလျှံ အဆင့်သို့ တက်လှမ်းရာတွင် ထိုလူက  မွန်းစတားကို သတ်ပြီးနောက် ကံကြမ္မာမီးလျှံ မီးစာကို ထုတ်ယူရန် လိုအပ်သည်။

မီးစာကို ထုတ်ယူပြီးသောအခါ ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး ကံကြမ္မာစွမ်းအားဖြင့် နောက်တစ်ကြိမ် မီးပြန်  မွှေးရသည်။ ထိုအခါ ကံကြမ္မာမီးလျှံ ပေါ်လာပြီး ကံကြမ္မာမီးတောက် မီးစာထုတ်ယူခြင်း လုပ်ငန်းစဥ် အောင်မြင်မှု ရာခိုင်နှုန်းကို မည်သူမှ အာမမခံနိုင်ပေ။

သန့်ရှင်း မီးလျှံအဆင့် မွန်းစတားကြီး သေဆုံးသွားပြီးနောက် မီးစာသည် ကိုယ့်ကိုယ်ကို မဖျက်ဆီးခင် တစ်နာရီ အတွင်းသာ အချိန်ရသည်။ တစ်နာရီအတွင်း မထုတ်ယူနိုင်ပါက မီးစာ ထုတ်ယူခြင်း လုပ်ငန်းစဉ် ကျရှုံးသည်ဟု  ဆိုနိုင်သည်။
ကံကြမ္မာမီးတောက်၏ မီးစာသည် အသက်ရှင် နေသော သက်ရှိအတွင်းတွင် တည်ရှိနိုင်သော်လည်း တနည်းနည်းအားဖြင့် အသိစိတ် အားနည်း နေသေးသည်။

၎င်းသည် ၎င်း၏ လက်ခံကောင် ပိုင်ရှင်ကို သူ့ဘာသာသူ ရွေးချယ်
ဆုံးဖြတ်သည်။ ဖြစ်နိုင်ချေ အရှိဆုံး အခြေအနေမှာ လူတစ်ယောက်၏ ကံကြမ္မာစွမ်းအားနှင့် တူညီ၍ ကိုက်ညီနေပါက မီးစာကို ထုတ်ယူနိုင်လိမ့်မည်။
ထို့အပြင် လူတစ်ယောက်၏ စရိုက်လက္ခဏာ သို့မဟုတ် ဒြပ်စင်နှင့် မကိုက်ညီပါက မွန်းစတား၏ အလောင်းထဲမှ မီးစာကို ထုတ်ယူရာတွင်  အငြင်းခံရရန် ကိုးဆယ် ရာခိုင်နှုန်းခန့် ဖြစ်နိုင်ချေ ရှိနေသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now