601------610

159 20 0
                                    

အခန်း(၆၀၁) - အဆင့် (၄) ဓါးတာအို။

“အဆင့်လေးဆင့်ကျော် သတ်ဖြတ်ခြင်း အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

“ဆုလာဒ်  ကံစမ်းမဲကတ် (၅၀) ရရှိပါတယ်”

လင်းဟွမ်သည် အင်မော်တယ်အဆင့် (၅) မွန်းစတား၏နှလုံးကို ထိုးဖောက်
လိုက်သည့် အချိန်၌ အဆင့်ကျော် သတ်ဖြတ်ခြင်း ဆုလာဒ်များကို ရရှိလိုက်သည်။

သူ၏ တိုက်ခိုက်ရေးအဆင့်မှာ ကြက်သွေးရောင် မီးလျှံအဆင့်တွင်သာ ရှိသေး
သော်လည်း အင်မော်တယ်အဆင့် (၅) မွန်းစတား တစ်ကောင်ကို သတ်ဖြတ်နိုင်
ခဲ့သည်။ ယခုလက်ရှိ အချိန်၌ အဆင့်လေးဆင့်ကျော် သတ်ဖြတ်ခြင်းကို
အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

သို့သော်လည်း သူ၏စွမ်းရည်နှင့် ပတ်သတ်၍ မကျေနပ်သေးပေ။

“ငါ အင်မော်တယ်အဆင့် (၁) ဆိုရင် အင်မော်တယ် အဆင့် (၉) ကို သတ်နိုင်
မယ်။ ဒါပေမယ့် အင်မော်တယ်အဆင့်မှာ ရှိတဲ့လူ‌တွေက အဆင့်   တစ်ဆင့် 
တက်သွားတိုင်း  သူတို့ရဲ့ စွမ်းရည်က နှစ်ဆနီးပါး တိုးလာတယ်။ နောင်တစ်ချိန်
မှာ  ငါက   ရွှေနက်ရောင်  အဆင့်မှာ ရှိရင်  ငါ့ရဲ့  အခုလက်ရှိ အဆင့်ကျော်

သတ်ဖြတ်မှုနှုန်းနဲ့ဆိုရင် အဆင့် (၄) ဆင့်ကျော်ပြီး ရွှေခရမ်းရောင် အဆင့်ကို သတ်နိုင်လိမ့်မယ်။ ဒါပေမယ့် နတ်ဘုရား တစ်ပိုင်းကိုတော့ နိုင်အောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”

လင်းဟွမ်သည် လငပုပ် စပါးအုံးမြွေ၏ မှတ်ဉာဏ်ထဲမှ သိရှိခဲ့သည့်
အချက်အလက်များအရ အဆင့်တစ်ခုစီတိုင်းတွင် စွမ်းရည် ကွာခြားချက်
ကြီးမားကြောင်း သိရှိခဲ့သည်။ နတ်ဘုရားတစ်ပိုင်းကို သတ်ဖြတ်နိုင်သည့်
အစွမ်း လိုချင်ပါက အင်ပါယာအဆင့်  အထိ ထက်လှမ်းခြင်းက သူ့အတွက်  မ
လုံလောက်သေးပေ။

အသွင်ပြောင်းလဲခြင်း ကတ်နှင့် ယာယီအဆင့်မြင့်တင်ခြင်း ကတ် ဆိုသည်မှာ
ပြင်ပမှ အကူအညီများသာ ။ ထို့အပြင် ကံစမ်းမဲ ကတ်နိုင်၍ ကတ်ကောင်းများ
ရရှိခြင်းက လူတစ်ယောက်၏ ကံတရားအပေါ် မူတည်နေသည်။ ထို့ကြောင့်
စွမ်းရည်များကို မြင့်တင်ရန် ကတ်များပေါ်တွင် အမြဲတမ်း အားကိုးနေပါက
ဖြေရှင်းချက် မဟုတ်ပေ။ ကတ်ဆိုသည်မှာ အရေးပေါ် အခြေအနေအတွက်သာ
ဖြစ်သင့်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံDonde viven las historias. Descúbrelo ahora