581------590 ( Ongoing မီ​)

213 16 0
                                    

အခန်း(၅၈၁) - မြေအောက် တတိယအထပ်။

လင်းဟွမ်နှင့် ကျန်သည့်လူများက ဒုတိယ အထပ်ရှိ အခန်း (၁၂) ခန်းကို ရှင်းလင်းပြီးသောအခါ အချိန်မှာ ညနေ (၆) နာရီထိုးနေခဲ့ပြီ။ အပြာရောင် မီးလျှံအဆင့်နှင့် ခရမ်းရောင် မီးလျှံအဆင့် မွန်းစတားများသည် ကံကြမ္မာကို အံမတုနိုင်ဘဲ လက်မြောက် အရှုံးပေး၍ သေဆုံးခဲ့ကြရသည်။ သူတို့၏  အဆုံးစွန်ဆုံး လှုပ်ရှားမှုများ အပြင် ရီကျန်းနှင့် လျန်ယုရှင်းတို့က သူတို့၏ စွမ်းရည် အကုန်လုံးကို အသုံးပြုခဲ့ရသည်။

လင်းဟွမ်သည် သူတို့လေးဦးထဲတွင် ရီကျန်းက အစွမ်းအဆ အရှိဆုံးဖြစ်ပြီး အင်မော်တယ်အဆင့် (၁)ကိုပင် သတ်ဖြတ်နိုင်ကြောင်း သတိထားမိသည်။ သူသည် အင်မော်တယ်အဆင့် မဟုတ် သေးသော်လည်း ရွှေရောင် မီးလျှံအဆင့် မွန်းစတားများထက်  ပို၍  အစွမ်းထက်သည်။

ရီရီယွီနှင့် လီလန်တို့၏ တိုက်ခိုက်ရေးအဆင့်မှာ ခရမ်းရောင် မီးလျှံအဆင့်မှာသာ ရှိသောကြောင့် အကန့်အသတ် ရှိနေသည်။ အကယ်၍ ရီရီယွီသာ သူမ၏ အဆုံးစွန်ဆုံး တိုက်ခိုက်ရေးအစွမ်းကို ထုတ်သုံးပါက လျန်ယုရှင်းစွမ်းရည်နှင့် ခပ်ပါးပါး ယှဉ်နိုင်သည်ဟု  လင်းဟွမ် ပြောနိုင်သည်။

အခန်း (၁၂) ခန်းကို ရှင်းလင်း သုတ်သင်သည့်အချိန်၌ လန်စန်လော့သည် များများစားစား မတိုက်ခိုက်ခဲ့ပေ။ သူ ပါဝင်ခဲ့သော နှစ်ကြိမ်မှာ ရီရီယွီနှင့် လီလန်တို့ကို ကာကွယ်ရန်အတွက် အလစ်ချောင်း တိုက်ခိုက်လာသော မွန်းစတားများကို တိုက်ခိုက် ပေးခဲ့ခြင်းသာ။

လန်စန်လော့၏ ကာကွယ်မှုအောက်တွင် သူတို့နှစ်ယောက်သည် မွန်းစတားများကို တစ်ကောင်ချင်းစီ ထိပ်တိုက်ရင်ဆိုင်၍ တိုက်ခိုက် နိုင်ခဲ့ကြသည်။ ဒါသည် သူတို့စွမ်းရည်ကို လေ့ကျင့်ရန်အတွက် အကောင်းဆုံး အခွင့်အရေးပင်။
သို့သော်လည်း လင်းဟွမ်ကမူ လုံးဝ မတိုက်ခိုက်ခဲ့ပေ။ ခံစစ်စည်းကို ဖြတ်ကျော်လာသော မွန်းစတားအားလုံးမှာ လန်စန်လော့ လက်ချက်ကြောင့်  သေဆုံးသွားခဲ့ပြီ။

မြေအောက် တတိယအထပ်သို့ ဝင်သော ဝင်ပေါက်မှာ ဒုတိယအထပ်ရှိ စတုတ္ထမြောက် အခန်းပင် ။ အခန်း (၁၂) ခန်းကို ရှင်းလင်းပြီးနောက် စတုတ္ထမြောက် အခန်းကို ပြန်သွားကာ ကျောက်လှေကားမှ တစ်ဆင့် ဆင်းလာကြသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now