181----185

178 23 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၈၁) – အကဲဖြတ်မှု ပြီးဆုံးခြင်း။

ကျန်းနန်သည် ကိစ္စအချို့ကို စီစဉ်ပြီးနောက် လင်းဟွမ်နှင့် မူလန်တို့ သတ်ဖြတ်ခဲ့သော ဒိဋ္ဌိ အဖွဲ့ဝင်များ၏ အလောင်း ဆယ်လောင်းကို ဌာနချုပ်သို့ ယူဆောင်သွားသည်။

လူတိုင်းသည် အခင်းဖြစ်ပွားပြီး ကတည်းက တဲများဆောက်ပြီး အနားယူခဲ့ကြသည်။

နောက်တစ်နေ့မနက်တွင် လင်းဟွမ်သည် နတ်ဆိုးလေးကျွန်း အလယ်သို့ ဦးတည် ထွက်သွားသည်။ နှစ်ဆကတ်ကို အသက် သွင်းပြီးနောက် အာဏာရှင်၏ အကူအညီဖြင့် ရွှေအဆင့်  မွန်းစတားများကို  သတ်ဖြတ်ခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက် အဆင့်ကျော် သတ်ဖြတ်ခြင်း ဆုလာဘ်ကတ် (၂၀) ကို ရယူနိုင် ရုံသာမက ပြီးပြည့်စုံသော ရွှေအဆင့် မွန်းစတား ကတ်နှစ်ခုကိုပင် စုဆောင်းနိုင်ခဲ့သည်။ ဒါသည် မသေနိုင်သော မျိုးစိတ်ဖြစ်ပြီး ရွှေသံချပ်ကာ အရိုးစုများ ဖြစ်သည်။ အရေးပေါ် အခြေအနေအတွက် အစားထိုးနိုင်ရန် သိမ်းဆည်း ထားချင်သောကြောင့် ကတ်အပိုင်းအစများကို ကတ်အဖြစ် ပေါင်းစပ်ရန် ဆုံးဖြတ်ခဲ့သည်။

လင်းဟွမ်သည်  အကဲဖြတ်သည့် နေရာသို့ မပြန်ခင် ရှောင်ဖိန်ကို ကတ်များအားလုံး စာရင်း ပြုစုရန် ညွှန်ကြားလိုက်သည်။

“မင်းမှာ မွန်းစတားကတ် (၁၄) ကတ် ရှိတယ်။ အောက်မှာ ဖော်ပြလိုက်တယ်”

“မော်ကွန်းအဆင့် မွန်းစတား ကတ်တွေက - ချောကလက်လေး၊ ပိုင်၊ အာဏာရှင်၊ ရုပ်ဆိုး လူရွှင်တော်၊ အဝါရောင် ပန်းနွယ်နတ်ဆိုး (သွေးရဲရဲလေး)”

“ရှားပါးအဆင့် မွန်းစတား ကတ်တွေက - မျက်လုံးတစ်ဖက် ဓါးမိစ္ဆာ၊ အလက်ဇန္ဒြား လင်းယုန်”

“ပုံမှန်အဆင့် မွန်းစတား ကတ်တွေက - ရွှေရောင်သံချပ်ကာ အရိုးစု၊ စွဲဆောင်မှု အားကောင်းတဲ့  ကင်းမြီးကောက် ၊ နွား နတ်ဆိုး၊ ခြင်္သေ့ ဦးခေါင်း မှင်စာ၊ အစိမ်းရောင် ဝံပုလွေ၊ မျက်လုံးတစ်ဖက် မျောက်ဝံ၊ တစ္ဆေ။

“မင်းမှာရှိတဲ့   စွမ်းရည်ကတ်  (၂၁) ခုကို အောက်မှာ ဖော်ပြပေးလိုက်တယ်”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now