211----220

192 30 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၂၁၁) - ပွဲ (၈၀) ဆက်တိုက် အနိုင်ရခြင်း။

"ကစားသမား ဓါးပါရမီရှင်က ခြောက်ထပ်မြောက် တားဆီးသူ နောက်ဆုံးခံတပ်ကို အနိုင်ရပြီး ပွဲ (၈၀)ဆက်တိုက် အနိုင်ရသွားတဲ့ အတွက် ဂုဏ်ပြုပါတယ်။"

လိုင်းပေါ်တွင် ရှိနေသော ကစားသမားများ သာမက လိုင်းပေါ်တွင် ရှိမနေသော ကစားသမားများ အားလုံးလည်း အကြောင်းကြားချက်ကို လက်ခံ ရရှိခဲ့ကြသည်။

အဖွဲ့ခွဲ (၇) မုဆိုး တိုက်ပွဲကွင်းပြင်ထဲတွင် ပွဲ (၈၀)ဆက်တိုက် နောက်ဆုံး အနိုင်ရရှိ ခဲ့သည်မှာ လွန်ခဲ့သော (၁၁၈) နှစ်က ဖြစ်သည်။ လင်းဟွမ်က လွန်ခဲ့သော နှစ်ပေါင်း (နှစ် ၁၀၀_ ကျော်က ဖြစ်ပေါ်ခဲ့သော ရေခဲတောင်ကြီးကို အက်ကွဲ စေခဲ့သည်မှာ သံသယဖြစ်စရာ မလိုပေ။

မုဆိုးအဖွဲ့အစည်းမှ အကြီးတန်း အမှုဆောင်အရာရှိ (၁၂) ဦးလုံးလည်း
ထိတ်လန့် သွားကြသည်။ အကြောင်းကြားချက်ကို ရရှိသည်နှင့် တိုက်ပွဲအကြောင်း မျှဝေထားသော ဗီဒီယိုကို ရှာဖွေခဲ့ကြသည်။ လူတိုင်းသည် စကားတစ်ခွန်းမှ မပြောဘဲ ဗီဒီယိုကို ‌ကြည့်နေခဲ့ကြသည်။ ထို့နောက် ခေါင်းခါလိုက်ကြသည်။

သို့သော်လည်း လူအိုကြီးလီ နှင့် ရှထိုက်ယု တို့သည်  နှမျောစိတ်နှင့် စိတ်ဒုက္ခ ရောက်နေ ကြသည်။

လူအိုကြီးလီသည် လင်းဟွမ်ကို အထူး လေ့ကျင့်ရေး အစီအစဉ်ထဲတွင် စာရင်းသွင်းရန် လျှော့တွက်ခဲ့သည်မှာ မြန်ဆန် လွန်းသည်ဟု ကိုယ့်ကိုယ်ကို အပြစ်တင် ဝေဖန်နေခဲ့သည်။

ထိုအချိန်တွင် ရှထိုက်ယုသည် မစ္စတာဖူးထံမှ အကူအညီကို တောင်းခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့သည်။

မစ္စတာဖူးကြောင့်သာ  မဟုတ်ပါက လင်းဟွမ်သည် မုဆိုး အဖွဲ့အစည်း၏ အထူးလေ့ကျင့်ရေး စာရင်းထဲတွင်ပါဝင်ပြီး အကြီးတန်း အမှုဆောင်အရာရှိ ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လေ့ကျင့်ခံနေရမည်။

ကံမကောင်းစွာပင် အရာအားလုံးက နောက်ကျ သွားခဲ့ပြီ...

လင်းဟွမ်၏ ပွဲ (၈၀) ဆက်တိုက် အနိုင်ရသော သတင်းသည် မြေအောက် အဖွဲ့အစည်းများ၏ စိတ်အာရုံကိုလည်း ဖမ်းစား နိုင်ခဲ့သည်။ ဤဓါးပါရမီရှင်က  မည်သူလည်းဆိုသည်ကို ရှာဖွေရန် ကြိုးစားလာကြသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now