861------870

67 10 0
                                    

အခန်း(၈၆၁) - လူသား အင်မော်တယ်များ ပေါ်လာခြင်း

လောထန်းဂိုဏ်း အနောက်ဘက်မှ တောင်တစ်ခု အပေါ်တွင်… …

အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အသက် (၁၂)၊(၁၃)အရွယ် တာအိုဘုန်းကြီးလေး တစ်ပါးသည်  တောထဲ၌  အသည်းအသန်  ပြေးလွှားနေသည်။ အနည်းငယ် မောပန်းနေသော်လည်း ခြေလှမ်းများက သွက်လက်ပြီး သန်မာနေဆဲပင်…..

ခဏအကြာ တောင်ကြီး နောက်ကွယ်က ချောက်ကမ်းပါးပေါ် ရောက်ရှိသွားသည်။ ချောက်ကမ်းပါး နံရံသည် မှန်ကဲ့သို့ ချောမွေ့နေပြီး ပေါင်းပင်တစ်ပင်မှ မပေါက်ပေ။ တာအို ဘုန်းကြီးလေးသည် နံရံရှေ့လျှောက်သွားပြီး မြေပြင်ပေါ် ဒူးထောက်ကာ သူ့လက်ထဲမှတံဆိပ်ကို ထုတ်ယူလိုက်သည်။

“တပည့်လင်ကွမ်း…… ဘိုးဘေးအားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။  လူဆိုးတွေက ငါတို့ရဲ့ လောထန်းဂိုဏ်းကို ကျူးကျော်လာပါတယ်။ လူတွေ အများကြီးလည်း သေကုန်ပါပြီ။ ဂိုဏ်းချုပ်က ဘိုးဘေးတွေကို ဆင့်ခေါ်ဖို့ ဂိုဏ်းတံဆိပ်ကို ယူလာ ခိုင်းလို့ပါ..”

တာအို ဘုန်းကြီးလေးသည် စကားဆုံးသောအခါ မှန်ကဲ့သို့ ချောမွေ့နေသောနံရံကို ခေါင်းနှင့် ပိတ်ဆောင့်လိုက်ကာ  ခေါင်းကို  မတ်မတ် ပြန်ထောင်လိုက်ပြီး ..

“ဘိုးဘေးများ….. ကျေးဇူးပြုပြီး ကိုယ်ထင်ပြပေးပါ..”

တောင်ပေါ်တွင် သူ့အသံက ပဲ့တင်ထပ်နေပြီး အချိန်တိုင်း ထပ်ခါထပ်ခါ ပြောဆိုနေသည်။ တာအို ဘုန်းကြီးလေးသည် နဖူးမှသွေးများ အဆက်မပြတ် စီးကျနေသော်လည်း  ရပ်တန့်ခြင်း မရှိပေ။ အကြိမ် (၂၀)ခန့် ခေါင်းတိုက်ပြီးနောက် တာအိုဘုန်းကြီးလေးသည် အနည်းငယ် မူးဝေလာသည်။ ထိုစဉ်
တစ်စုံတစ်ယောက်၏ သက်ပြင်းချသံကို တိုးတိုးလေး ကြားလိုက်ရသည်။

သိပ်မကြာခင် ချောက်ကမ်းပါးနံရံမှ မြူခိုးများ ထွက်ပေါ်လာသည်။ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေသော နံရံသည် လုံးဝ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် အက်ကွဲကြောင်းများ အစားထိုး ဝင်ရောက်လာသည်။

မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုဘုန်းကြီး အများအပြားက ထိုအက်ကွဲ ကြောင်းထဲမှ ပြေးထွက်လာပြီး  တောင်ခြေသို့ ရောက်လာကြသည်။
မုတ်ဆိတ် မွှေးရှည်လျားပြီး ဆံပင်ဖြူနေသော အဘိုးအိုက လက်ထဲတွင်  မြင်းမြီးယပ်တောင် ကိုင်ထားကာ ဘုန်းကြီးလေးထံ လျှောက်လာကာ

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now