231----240

185 25 1
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၂၃၁) - မှုခင်း ဆေးပညာရှင် အမျိုးသမီး။

လင်းဟွမ်သည် တစ်မနက်ခင်းလုံး မြောင်းလုပ်သား လေးဦးထံ သွားရောက် လည်ပတ်ခဲ့ပြီး  အားလုံးထံမှ  တူညီသော အဖြေကိုသာ ရရှိခဲ့သည်။

မြောင်းက မှောင်မည်းနေသောကြောင့်  အလောင်းများကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။  သူတို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်မှာ ပထမဦးဆုံး တူးဖော်ခဲ့သော ယောက်ျားလေး အလောင်းပင်။ သို့သော်လည်း လင်းဟွမ်သည် သူတို့လေးဦးက လျှို့ဝှက်ချက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ဇနီးသည်များကိုပင် စကားတစ်ခွန်းမျှ မပြောသောကြောင့် ဝမ်းသာမိသည်။ သတင်း ပေါက်ကြားသွားခြင်း  မရှိပေ။

လင်းဟွမ်သည် နေ့လည်း (၁၂) နာရီခန့်တွင် ဝမ်လေး၏အိမ်ကို ရောက်ရှိခဲ့သည်။ ဒါသည် သူ နောက်ဆုံး သွားရောက် လည်ပတ်ခဲ့သော မြောင်းလုပ်သား၏နေအိမ်  ဖြစ်သည်။

လင်းဟွမ်သည် တွေ့သည့် စတိုးဆိုင်တစ်ခုတွင် နေ့လည်စာ စားပြီးနောက် အစိမ်းရောင်ဝံပုလွေကို ဆင့်ခေါ်ပြီး ပြည်ထောင်စုအစိုးရ ဌာနခွဲသို့ သွားလိုက်သည်။ ဝန်ထမ်းများသည် သူ၏လိုင်စင်နှင့် စုံစမ်းစစ်ဆေးရေးမှုး အိုင်ဒီကို စစ်ဆေးပြီးနောက် မှုခင်းဆေးပညာဌာနကို ခေါ်ဆောင်သွားသည်။

တံခါးဖွင့်လိုက်သောအခါ အနက်ရောင် မျက်မှန် တပ်ထားသော အမျိုးသမီးတစ်ယောက်သည် စားပွဲပေါ်တွင် အဆာပြေ မုန့်စားနေရင်း ဗီဒီယို ကြည့်နေသည်။ ထိုအမျိုးသမီးသည် အသက် (၁၇) နှစ်၊ (၁၈) နှစ်ခန့်ရှိ၍ ငယ်ရွယ်ပုံရသည်။

သူမ၏ မျက်နှာသည် သေးငယ်ပြီး ထက်မြက်သော  အသွင်အပြင် ရှိသည်။ သို့သော်လည်း မျက်မှန်က သူမမျက်နှာ၏ တစ်ဝက်ခန့်ကို သိမ်းပိုက်ထားပြီး မျက်နှာ တော်တော်များများကို ဖုံးအုပ်ထားသည်။ သူမသည် မုဆိုး တိုက်ပွဲကွင်းပြင်နှင့် တူညီသော တိုက်ပွဲ ဗီဒီယိုတစ်ခုကို ကြည်နူးစွာ ကြည့်နေသည်။

ထိုဗီဒီယိုကို ကြည့်နေရင်း အနီရောင် ငရုတ်ဆီများ ဖုံးအုပ်ထားသော
အစားအစာဗူး တစ်ဗူးကို လှမ်းယူလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now