291-------300

206 26 0
                                    

အခန်း(၂၉၁) - မျှော်လင့်ချက် အရိုးဝိညာဉ်ကို သတ်ဖြတ်ခြင်း။

အဖြူရောင်အလင်းများ မှိန်ဖျော့လာသည်နှင့်  အမျှ မျှော်လင့်ချက် အရိုးဝိညာဉ်၏ ခန္ဓာကိုယ်ကို အဖြူရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေကာ ရုတ်တရက် လေတိုက်လာသောအခါ  ခေါင်းတစ်ပိုင်း   ပေါ်လာ၏။

လင်းဟွမ်သည် ထိုဦးခေါင်းပေါ်တွင် အစောပိုင်းက ဖွဲ့စည်းထားသော အသားများ ဆုံးရှုံးသွားသည်ကို မြင်လိုက်ရသည်။ ဦးခေါင်းခွံ အရိုးဖြူကြီးသာ ကျန်ရှိသော်လည်း အဖြူရောင် မြူခိုးများ ဖုံးလွှမ်းနေသော သူ့မျက်လုံးထဲတွင် ရွှေရောင် အလင်းများ မှိန်ဖျော့ဖျော့ ရှိနေသေးကြောင်း မြင်လိုက်ရသောကြောင့် ထိုမွန်းစတားသည် အသက်ရှင်  နေဆဲပင်။

လင်းဟွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ စိတ်ထဲတွင် ဆုံးဖြတ်ချလိုက်သည်။  အလက်ဇန္ဒြား လင်းယုန်၏ကျောကို ချက်ခြင်း ပုတ်လိုက်ပြီး

"သွား"

အလက်ဇန္ဒြား လင်းယုန်သည် အတောင်ပံများ ခတ်ကာ မျှော်လင့်ချက် အရိုးဝိညာဉ်ထံ ဦးတည်ပြီး ချက်ချင်း ပျံသန်းသွားသည်။  လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းသောကြောင့် အဖြူရောင်အလင်းတန်း တစ်ခုသာ မြင်ရ၏။

"ကြမ်းတမ်း ဓါးသခင်ရဲ့ တိုက်ခိုက်မှုကြောင့် မျှော်လင့်ချက် အရိုးဝိညာဉ်ရဲ့ စွမ်းအင်အများစု ကုန်ဆုံး သွားလိမ့်ယ်။ ဒီအခွင့်အရေးက နောက်တစ်ကြိမ် ပြန်မရနိုင်ဘူး။ ဒီတစ်ကြိမ်မှာ ရအောင်  သတ်ပစ်ရမယ်"

လင်းဟွမ်သည် ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကံကြမ္မာစွမ်းအားကို ထည့်သွင်း လိုက်သည်။

ကံကြမ္မာ  စက်ဝိုင်းတစ်ခု…

နှစ်ခု….

သုံးခု….

လေးခု…..

ငါးခု…..

ဤတစ်ကြိမ်တွင် ကံကြမ္မာစွမ်းအားတိုင် တစ်ခု သို့မဟုတ် နှစ်ခုကိုသာ အရံ အဖြစ်ထားရှိပြီး ကံကြမ္မာစက်ဝိုင်း ငါးခုလုံးကို ဓါးထဲသို့ ထည့်သွင်းလိုက်သည်။
ဓားထိပ်ဖျားသည် ရွှေရောင် တောက်ပလာကာ မွန်းတည့်ချိန် နေမင်းကြီးကဲ့သို့ လင်းထိန်လာသည်။ မျှော်လင့်ချက် အရိုးဝိညာဉ်သည် ကောင်းကောင်း အသိ မဝင်သေးဘဲ လင်းဟွမ်၏ လုပ်ဆောင်ချက်ကို သတိထားမိပုံမရချေ…..။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now