411---------420

204 22 0
                                    

အခန်း(၄၁၁) - အကူအညီ ဆင့်ခေါ်ခြင်း။

လင်းဟွမ်နှင့် လန်စန်လော့ တို့သည် နှစ်ကြိမ်တိုင်တိုင် တားဆီးခံရပြီးနောက် လိုရာခရီးသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့ကြသည်။

ဝိညာဉ်တော် ဓါးအဓိပတိက လုံခြုံမှုပြီး‌ ဘေးကင်းသော အခြေအနေတွင် ရှိနေသည်။ ၎င်းရှိသောနေရာတွင် သစ်ပင်များ မရှိရုံသာမက မြက်ပင်များလည်း မရှိပေ။ ဆံပင်ထူနေသော လူတစ်ယောက်၏ ခေါင်းပေါ်တွင် ထိပ်ကွက်နေသကဲ့သို့  သစ်ပင်များ ကင်းရှင်း နေသည်။ ဝိညာဉ်တော် ဓါးအဓိပတိသည် ရှင်းလင်းနေသော မြေပြင်ထဲသို့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်သွားသည်။

လင်းဟွမ်၏ အာရုံကို ဖမ်းစားထားသောအရာမှာ ဝိညာဉ်တော် ဓါးအဓိပတိကို ဝန်းရံထားသည့် လူသားပုံစံ ပန်းပုရုပ်လေးများပင် ။ ပန်းပုရုပ်လေးများက တစ်ခုခု မှားယွင်းနေသည်ဟု လင်းဟွမ်  သတိထားလိုက်မိသည်။

၎င်းတို့အားလုံးသည် အမြင့် နှစ်မီတာခန့်မြင့်ပြီး ခါးတွင် ဓါးတစ်ချောင်းစီ ထိုးထားသော သံချပ်ကာ ဝတ်ထားသည့် လူများနှင့်တူနေသည်။ သွင်ပြင် လက္ခဏာများက အလွန် အသေးစိတ် ကျနေသောကြောင့် ကျောက်တုံးအရောင်သာ မဟုတ်ပါက တကယ့် လူအစစ်နှင့် မခြားပေ။

မွန်းစတား စွယ်စုံကျမ်းထဲတွင် ဝိညာဉ်တော် ဓါးအဓိပတိနှင့်  ပတ်သက်၍ မှတ်တမ်း များစွာ မရှိချေ။ လင်းဟွမ်သည် ဤနေရာသို့ မလာခင်က လေ့လာ ခဲ့သော်လည်း ပန်းပုရုပ်ထုများနှင့် ပတ်သက်၍ မကြားဖူးပေ။ ပန်းပုရုပ်ထု၏ အော်ရာကို နားမလည်သော်လည်း ဗီဇအရ တစ်ခုခု မှားယွင်းနေကြောင်း  သိနေသည်။

လန်စန်လော့လည်း တစ်ခုခု ထူးခြားနေသည်ကို ခံစားမိပုံရသည်။ မည်သို့ပင် ဆိုစေကာမူ လန်စန်လော့က စိတ်မရှည်ချေ။ ပန်းပုရုပ်ထုများထံမှ စိမ့်ထွက်လာသော အန္တရာယ် အငွေ့အသက်ကို ခံစားမိသော်လည်း ဝိညာဉ်တော် ဓါးအဓိပတိထံ ဦးတည်ပြီး  ပြေးဝင်သွားရန်  လုပ်နေစဉ်

လင်းဟွမ်က  လန်စန်လော့ကို  တားလိုက်သည်။

လန်စန်လော့က လင်းဟွမ်ကို အူကြောင်ကြောင် အမူအရာနှင့်  လှည့်ကြည့်နေသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now