956-----960

80 9 0
                                    

အခန်း(၉၅၆) - အကျဉ်းသားများ၏ အစားအစာ အရင်းအမြစ်

သူတို့သည် ဤကဲ့သို့ လုပ်ဆောင်နေသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ကြောင်း ထင်ရှားနေပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရုံဖြင့် တာဝန်များကို သတ်သတ်မှတ်မှတ် ခွဲဝေနိုင်ကာ တိတိကျကျ လုပ်ဆောင်နိုင်ကြသည်။
လင်းဟွမ်က ထိန်းချုပ်သူ တစ်ယောက် ဖြစ်ကြောင်း သိလိုက်သည်နှင့် သူတို့တွင် ရိုးရှင်းသော နည်းဗျူဟာတစ်ခု ရှိနေသည်။
လူထွားကြီးက သူနှင့် တိုက်ခိုက်ရေး အဆင့်တူသော အင်ပါယာ ရွှေကြက်သွေးရောင်အဆင့် အင်ပါယာ မွန်းစတား လန်စန်လော့ကို တိုက်ခိုက်ပြီး အရိုးပေါ် အရေတင်နေသည့် လူက အင်မော်တယ် အဆင့် (၇) သာ ရှိသော ထိန်းချုပ်သူ လင်းဟွမ်ကို တိုက်ခိုက်ခဲ့သည်။
ထိန်းချုပ်သူကို အချိန်တိုလေးအတွင်း တိုက်ခိုက် သတ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အင်ပါယာ မွန်းစတားက ပျောက်ကွယ်သွားပြီး တိုက်ပွဲက တရားဝင် ပြီးဆုံးသွားလိမ့်မည်။
သနားစရာ ကောင်းသည်မှာ အိပ်မက်က အမြဲတမ်း လှပသော်လည်း အမှန်တရားက ရက်စက်လွန်းလှသည်။
တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် လူထွားကြီးနှင့် အရိုးပေါ်အရေတင် လူတို့၏ အိပ်မက်သည် လုံးဝ ကြေမွ ပျက်စီးသွားသည်။
လင်းဟွမ်က သူ့ဓါးကို ဆွဲထုတ်လိုက်သည့် အချိန်မှာပင် လန်စန်လော့က သူ့ဝှက်ဖဲကို လျှပ်တစ်ပြက် ထုတ်သုံးလိုက်သည်။ လေထဲတွင် အနက်ရောင် ဓါးပေါင်း တစ်သောင်းကျော် ချက်ချင်း ပေါ်လာပြီး မီတာ  ထောင်ပေါင်းများစွာ ရှည်လျားသော ခေါင်းနှစ်ခေါင်း စပါးအုံးမြွေအဖြစ် ပေါင်းစပ် သွားသည်။ ထို့နောက် ကြီးမားသော ပါးစပ်ကြီးများကို ဖွင့်ဟပြီး သူတို့နှစ်ယောက်လုံးကို မြိုချလိုက်သည်။
“တစ်ကောင်ကို အသက်ရှင်ရက် ဖမ်းထား..”
လင်းဟွမ်က ချက်ချင်း အော်ဟစ်လိုက်သည်။
အရိုးပေါ်အရေတင် နေသော လူနောက်သို့ လိုက်လာရသည့် အဓိက အကြောင်းအရင်းမှာ အမှတ်များ ရယူရန် မဟုတ်ဘဲ အချက်အလက် စုဆောင်းရန် ပင်။
လန်စန်လော့၏ ဓါးအသင်္ချေ တိုက်ခိုက်မှုအောက်တွင် နာကျင်စွာ အော်ဟစ် ညည်းညူနေသော အသံများ ထွက်ပေါ်လာပြီး မကြာခင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။ အနက်ရောင်ဓါးများသည် တစ်ချောင်းပြီး တစ်ချောင်း မှေးမှိန် ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်နှစ်ခု ပြန်ပေါ်လာသည်။
အရိုးပေါ် အရေတင်နေသော လူမှာ အသက် ဆုံးရှုံးပြီး အလောင်း ဖြစ်သွားသည်။ လူထွားကြီးမှာမူ အသက်ရှင်နေသေးသော်လည်း သတိလစ်နေသည်။ ကြည့်ရသည်မှာ အသိစိတ်က အလည် ထွက်သွားသည့်ပုံပင်။
“သွေးရဲရဲလေး.. သွားလုပ်တော့….”
လင်းဟွမ်က လူထွားကြီး ရှိသည့်ဘက်သို့ လှမ်းကြည့်ပြီး  ပြောလိုက်သည်။
သွေးရဲရဲလေးက လူထွားကြီးထံ ပျံဝဲသွားပြီး လက်တံ နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ လက်တံတစ်ခုက လူထွားကြီး၏ ခေါင်းကို ထိမှန်သွားပြီး နောက်တစ်ခုက သေပြီးသား အရိုးပေါ်အရေတင်လူကို  ထိသွားသည်။
ခဏအကြာ သွေးရဲရဲလေးက လက်တံကို ပြန်ရုပ်သိမ်းလိုက်သည်နှင့် လူထွားကြီးက မျက်လုံး ပြန်ပွင့်လာသည်။
လင်းဟွမ်နှင့် လန်စန်လော့တို့ဘေးတွင် အရိုးပေါ်အရေတင် လူက မှောက်လျက်လဲ၍ သေဆုံးနေသည်ကို မြင်လျှင် လူထွားကြီးသည် ထွက်ပြေးရန် လုပ်လိုက်သည်။ သို့သော်လည်း လုံးဝ မလှုပ်နိုင်ကြောင်း သိလိုက်ရသည်။
“မကြိုးစားနဲ့.. ပြေးလည်း ဘာမှမထူးဘူး”
လင်းဟွမ်က လူထွားကြီးကို ကြည့်ပြီး ပြောလိုက်သည်။
သွေးရဲရဲလေးက လူထွားကြီးကို ကပ်ပါး ကူးစက်ခဲ့သော်လည်း အသိစိတ် ပျောက်ကွယ် မသွားပေ။ သို့သော်    သူ့ခန္ဓာကိုယ်ကို သွေးရဲရဲလေးက အပြည့်အဝ ထိန်းချုပ်ထားသည်။ ထပြေးရန် မဆိုထားနှင့် လက်တစ်ချောင်း လှုပ်ရှားဖို့ပင် သွေးရဲရဲလေး၏ ခွင့်ပြုချက်ကို လိုအပ်သည်။
“ကဲ အခု  ဂိမ်းတစ်ခု ကစားလိုက်ရအောင်။ ဂိမ်းပွဲရဲ့ နာမည်က အမေးအဖြေ။ ကဲ.. ပထမဦးဆုံး မေးခွန်း  မေးမယ်.. မင်း  ဘယ်သူလဲ..”
“ငါ.. ..”
လူထွားကြီးသည် အော်ဆဲ လိုက်ချင်သော်လည်း  ဖြစ်လာမည့် အကျိုးဆက်ကို သူ သိနေသည်။
“ငါက ဒီထောင်ရဲ့  အကျဉ်းသား..”
“အကျဉ်းထောင်…..”
လင်းဟွမ် တော်တော်လေး အံ့အား သင့်သွားသည်။
“ဟုတ်တယ်.. ဒီအလုံပိတ် ဟင်းလင်းပြင်က ထောင်တစ်ခုပဲ။ ဒီထောင်ထဲမှာ ငါတို့လို အကျဉ်းကျနေတဲ့လူတွေ အများကြီး  ရှိတယ်”
လူထွားကြီးက သူ၏ ကိုယ်ပိုင်ဆန္ဒကို ချိုးနှိမ်ပြီး ရှင်းပြလိုက်သည်။
အခြားတစ်ဖက်တွင်မူ လင်းဟွမ် မျက်ခုံး ပင့်သွားသည်။
“ဒါဆိုရင် တော်ဝင် စမ်းသပ်မှုက အကျဉ်းထောင်ထဲမှာ လုပ်တာပေါ့။ ပိုက်ဆံချွေတာဖို့ အကောင်းဆုံး နည်းလမ်းပဲ။ မင်းတို့ကို ဒီထဲ ဘယ်သူ ထည့်တာလဲ..”
လင်းဟွမ်က ဒီအကြောင်းနှင့် ပတ်သက်၍ သိချင်လာသည်။ ဤတစ်ကြိမ်တွင် လူထွားကြီးက မေးခွန်းကို  စိတ်ပါလက်ပါ ဖြေလာသည်။
“ဘယ်သူလဲ ဟုတ်လား.. မင်းဆက်က လူတွေပေါ့..”
“မင်းကို  ဘာဖြစ်လို့ ဖမ်းတာလဲ..”
လင်းဟွမ်က ထပ်မေးသည်။
“ဘာဖြစ်လို့လဲ ဆိုတော့ ငါက လူတွေရဲ့ ရိုးတွင်းခြင်ဆီကို  စားရတာ ကြိုက်လို့..”
လူထွားကြီးက လင်းဟွမ်ကို အကဲခတ်ရင်း ပြုံးပြီး ပြောလိုက်သည်။
“ရိုးတွင်းခြင်ဆီက ဘယ်လောက်တောင် အရသာရှိလဲ ဆိုတာ မင်းသိလား။ သူတို့ အသက်ရှင်နေတဲ့ အချိန်မှာ ခြေတွေ၊ လက်တွေကို ဖြတ်…….၊ အသားတွေကို ဖြည်းဖြည်းချင်းနွာ….. အရိုးတွေပဲ ကျန်အောင်လုပ်။ လူအနွေးဓါတ် ရှိနေတဲ့ အရိုးထဲက ခြင်ဆီကို စုပ်ယူကြည့်လိုက်.. ဝိုး တော်တော်လေး  အရသာ  ရှိတာ”
“လက်ဖက်ရည်တစ်ခွက် သောက်သလို ဖြည်းဖြည်းချင်း ဇိမ်ဆွဲပြီး အရသာခံ စုပ်….။ ပထမ လက်တစ်ချောင်း ကုန်သွားရင် ဒုတိယလက်ကို သွား…။ ဒါပေမယ့် ချက်ချင်း မဖြတ်လိုက်နဲ့.. ဒီလိုမှ မဟုတ်ရင် ရိုးတွင်းခြင်ဆီ ခဲသွားလိမ့်မယ်..”
“ကြည့်ရတာ မင်းက ထောင်ကျဖို့ ထိုက်တန်တဲ့ ကောင်ပဲ”
လင်းဟွမ်က ပြောလိုက်သည်နှင့် လူထွားကြီး စကားပြောနေသည်မှာ ရပ်တန့်သွားသည်။
သွေးရဲရဲလေးသည် လင်းဟွမ်က ဤကဲ့သို့ ဇာတ်လမ်းမျိုး မကြားချင်ကြောင်း သိနေသောကြောင့် လူထွားကြီး၏     ပါးစပ်ကို   ချက်ချင်း ပိတ်ပစ်လိုက်ခြင်း     ဖြစ်သည်။
“နောက်ထပ် မေးခွန်းတစ်ခု.. .. ဒီစမ်းသပ်မှုက ဘာလဲ”
“ဒီလို စမ်းသပ်မှုက ဆယ်စုနှစ်ကို တစ်ခါ၊ ဒါမှ မဟုတ်ရင် ဒီထက် ပိုကြာရင်လည်း ကြာနိုင်တယ်။ စမ်းသပ်မှု စတင်တဲ့ အချိန်ကတော့ တိတိကျကျ မရှိပေမယ့် အနည်းဆုံးကတော့ နှစ် (၂၀) ၊ (၃၀) ပဲ.. အများဆုံးကတော့  နှစ် (၁၀၀)  ကြာတယ်”
လူထွားကြီးသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိဘဲ အမှန်အတိုင်း ပြောလိုက်ရသည်။
“စမ်းသပ်တဲ့ ကာလ တစ်လအတွင်းမှာ ငါတို့တွေက ကိုယ်စားလှယ်လောင်းတွေကို ကြိုက်သလို အမဲလိုက်လို့ ရတော့ ငါတို့အတွက်တော့ ပျော်ပွဲရွှင်ပွဲကြီးပဲ။ ဒါက ငါတို့အတွက် အကန့်အသတ်ရှိတဲ့ အစားအသောက် အရင်းအမြစ်တွေ”
“လူသား  စားတာလား..”
လင်းဟွမ်သည် အစောပိုင်းက ဤလူနှစ်ယောက်က သူ့အား ကြည့်နေသောပုံ၏ အဓိပ္ပါယ်ကို ရိပ်မိသွားသည်။
“ဒီနေရာမှာတော့ ဒီလုပ်ရပ်က တော်တော်လေး ပုံမှန်ပဲ။ ဒီနေရာမှာ အစားအသောက်နဲ့ရေ မရှိဘူး။ မင်းဆက်က လူတွေ ငါတို့ကိုယ်တိုင် တခြား အရင်းအမြစ်အတွက် တိုက်ပွဲ ဝင်နေတဲ့အချိန်မှာ တစ်နှစ်မှာ တစ်ကြိမ်ပဲ အစာနဲ့ရေ ပို့ပေးတယ်။ ဒါကြောင့် ငါတို့အတွက်တော့ ကိုယ်စားလှယ်လောင်းတွေက အကောင်းဆုံး အစားအသောက်ဆိုတာ  သံသယ  ရှိစရာ  မလိုဘူး..”
လူထွားကြီး ပြောစကားကို ကြားပြီးနောက် ဤနေရာတွင် လူသားစားခြင်းက ပုံမှန်သာဖြစ်ပြီး လူတစ်ယောက်၏ အလေ့အကျင့် မဟုတ်ပေ။ အစပိုင်းတွင် လင်းဟွမ်သည် သူနှင့် ဘာမှ မသက်ဆိုင်ဘဲ မည်သည့် ရန်ငြှိုးရန်စမှ မရှိသော လူများကို သတ်ပစ်ရန် ချီတုံချတုံ ဖြစ်နေခဲ့သည်။ သို့သော်လည်း ယခု ကြည့်ရသည်မှာ ဤနေရာတွင် ရှိနေသော လူများသည်  အသိစိတ် လုံးဝ ဆုံးရှုံးသွားသည့်ပုံပင်…..။
“ဒါဆိုရင် ဘာဖြစ်လို့ မင်းတို့ အချင်းချင်း မသတ်ကြတာလဲ။ ငါသိသလောက်တော့ ဒီအကျဉ်းထောင်ထဲမှာ လူပေါင်း တစ်သိန်းလောက် ရှိတာပဲ..”
လင်းဟွမ်က ထောက်ပြလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းဆက်က ဒီအကျဉ်းထောင်ထဲမှာ အနည်းဆုံး လူတစ်သောင်း ရှိရမယ်ဆိုတဲ့ အခြေအနေ သတ်မှတ်ထား လို့ပဲ။ ဒီလိုမျိုး စမ်းသပ်စစ်ဆေးတဲ့ အထူး ကာလကလွဲရင် သာမန်နေ့ရက်တွေမှာ လူဦးရေ တစ်သောင်းအောက် ကျသွားတာနဲ့ ဒီအကျဉ်းထောင်ထဲမှာရှိတဲ့ လူတိုင်းကို ခြွင်းချက်မရှိ သတ်ပစ်တယ်။ ငါတို့ အသက်ရှင်ချင်ရင် သတ်မှတ်ထားတဲ့ လူအရေအတွက်ရှိမှ အာမခံချက် ရှိလိမ့်မယ်..”
“ဒါဆိုရင် လူတိုင်းက စည်းကမ်းချက် လိုက်နာကြတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က စိတ်ဖောက်ပြီး ကျန်တဲ့ လူတွေပါ သူနဲ့ လိုက်သေရအောင် အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ လုပ်လာရင် ဘယ်လို လုပ်မလဲ”
လင်းဟွမ်က သိချင်စိတ်နှင့် မျက်ခုံးပင့်လိုက်သည်။
“ဒီထောင်ထဲမှာ ရှိတဲ့ အင်ပါယာ ရွှေခရမ်းရောင် အဆင့် တန်ခိုးရှင်တွေ ကြားထဲမှာ ထိပ်တန်း ခေါင်းဆောင် သုံးယောက် ရှိတယ်။ အဲ့ဒီ ခေါင်းဆောင်အောက်မှာ ဆယ်ယောက်ထက် ပိုတဲ့ ဒေသဆိုင်ရာ အကြီးအကဲတွေ ရှိသေးတယ်.. သူတို့အားလုံးက အင်ပါယာ ရွှေခရမ်းရောင် တိုက်ခိုက်ရေး အဆင့် ရှိကြတယ်။”
“ ဒေသဆိုင်ရာ အကြီးအကဲတွေနဲ့ အတူ နယ်မြေ တစ်ခုချင်းစီကို အုပ်ချုပ်တဲ့ လက်ထောက် အကြီးအကဲ အင်ပါယာ ရွှေခရမ်းရောင်အဆင့် တန်ခိုးရှင်က အနည်းဆုံး (၃) ယောက်ကနေ (၅)ယောက်လောက် ရှိတယ်။ စိတ်ဖောက်သွားတဲ့လူက ဘယ်နေရာမှာပဲ ရှိရှိ ချက်ချင်း သတင်းပို့လိုက်တာတဲ့ အဲ့ဒီလူက စားသောက်စရာ ဖြစ်သွားလိမ့်မယ်။ တင်ပြပြီး တိုင်ကြားတဲ့ သူက အစားအသောက် ခွဲတမ်း ရတာမို့လို့ အဲ့ဒီလို သတင်းမျိုး ပေးရမယ်ဆို လူတိုင်းက ပျော်ပျော်ပဲ  ပေးကြတယ်”
“ဒေသ အသီးသီးကို အုပ်ချုပ် ကွပ်ကဲတဲ့ အကြီးအကဲနဲ့ ဒေသဆိုင်ရာ အကြီးအကဲတွေ ရှိသလို သတင်းပို့တဲ့  စနစ်လည်း  ရှိတယ်”
လင်းဟွမ်သည် ဤနေရာတွင် ရှိသော လူသားများက ရိုးရှင်းသော အဆင့်ဆင့် ကွပ်ကဲသည့် အုပ်ချုပ်မှု ပုံစံ ရှိသောကြောင့် စကားမပြောနိုင် ဖြစ်နေ၏။
“မင်းဆီမှာ ဒီအကျဉ်းထောင်ရဲ့ မြေပုံနဲ့ ပျံ့နှံ့နေတဲ့ လူဦးရေဇယား  ရှိလား..”
လင်းဟွမ်က  ထပ်မေးလိုက်သည်။
“မရှိဘူး.. ဒေသအကြီးအကဲနဲ့ အကြီးအကဲတွေ ဆီမှာပဲ ရှိလိမ့်မယ်”
“ငါမင်းကို ဒီဒေသရဲ့မြေပုံနဲ့ ဒီမှာရှိတဲ့ လူဦးရေ စာရင်းပဲ  ပေးနိုင်မှာ..”
“ရတယ်..”
“ဒီနေရာက အခြေခံအားဖြင့် ကီလိုမီတာ (၃၀၀) ၊ (၄၀၀) လောက်  ရှိတယ်..”
လူထွားကြီးက အတည်ပြုလိုက်သည်။
“ငါအချက်အလက်တွေ ရပြီ..”
သွေးရဲရဲလေးက စကားဖြတ် ပြောလာသည်။
“ကောင်းပြီ.. ကဲ.. ငါ့မေးခွန်းလည်း ကုန်ပြီ..”
လင်းဟွမ်က သွေးရဲရဲလေးကို ခေါင်းညိတ် ပြလိုက်သည်။ သူလှည့်ထွက်၍ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းခန့် ရောက်သောအခါ လူထွားကြီး၏ ဦးခေါင်းက    ချက်ခြင်း  ပေါက်ကွဲသွားသည်။ ဦးခေါင်းမဲ့ အလောင်းက မြေပေါ် ဘုန်းခနဲ လဲကျသွားသည်။
သွေးရဲရဲလေးသည် လက်တံနှစ်ခုကို ဆန့်ထုတ်ပြီး အလောင်းများကို ရှာဖွေလိုက်သည်။ မကြာခင် ဆက်သွယ်ရေး ကမ္ပည်းပြား နှစ်ခုကို တွေ့လိုက်ရသည်။
“သူတို့နေတဲ့ နေရာမှာ အင်ပါယာ နှလုံးသား လက်စွပ်နဲ့ ရှေးဟောင်း ဓါတ်ကြွင်းတွေ ရှိတယ်.. ငါတို့ သွားကြမလား..”
“ဒါပေါ့.. အဲ့ဒါက  ဆုလဒ်ပဲ……”
လင်းဟွမ်က သူပဲ ပိုင်သလိုလို စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now