251----260

189 20 2
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၂၅၁) - ငါတို့ တိုက်ခိုက်ကြမယ်။

“သူတော်စင်  အဖွဲ့ဝင်လား”

ဒူဖန်းက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

ဒူဖန်းသည် ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ညွှန်ကြားလိုက်သည်။

“အန်းပိုင် ကျန်တဲ့လူတွေကို ပြန်လာ ခိုင်းလိုက်တော့”

အန်းပိုင်သည် ချက်ချင်း ထွက်သွားသည်။ လန်ကွမ်လည်း  အလွန် စိုးရိမ်
နေသည်။

“ခေါင်းဆောင် ငါတို့ ထွက်သွားကြမလား”

ဒူဖန်းက ခေါင်းခါလိုက်ပြီး

“မဟုတ်ဘူး။ သူတော်စင် အဖွဲ့ဝင်တွေရဲ့ တွေးခေါ်ပုံက ထူးခြားတယ်။ သူတို့က
ငါတို့ကို ရှာတွေ့သွားပြီဆိုတော့ ငါတို့က ရှောင်ဖို့ကြိုးစားရင် ခွဲခြား   ဆက်ဆံ
တယ်လို့    ထင်သွားလိမ့်မယ်။ ပြီးတော့ ဒုက္ခ ပေးလာလိမ့်မယ်။ သာမန်အတိုင်း ဖြတ်သွားတာလဲ ဖြစ်နိုင်တယ်”

မကြာခင် အန်းပိုင်နှင့် ကျန်သည့်အဖွဲ့ဝင် သုံးယောက်သည်  ပြန်ရောက်လာ
ကွ၏။

“သူတို့နှစ်ယောက်က လောရှီမြို့မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့လူ
တွေ ဖြစ်နိုင်တယ်လို့ ငါထင်တယ်။   ကွန်ရက်ပေါ်က  မှတ်ချက် တစ်ခုကြောင့် မိသားစု တစ်ခုလုံးကို သတ်ပစ်ခဲ့တယ်။ အဲဒီလူက သူတော်စင်အဖွဲ့ဝင်တွေကို အရူးလို့ ပြောခဲ့တာပဲ  ရှိတာ”

သူတော်စင်အဖွဲ့ဝင်က သူတို့ထံ ဦးတည်ပြီး လာနေကြောင်း သိလိုက်လျှင် သွမ်
ရန်က ကြိမ်းဝါးလိုက်သည်။

“အစ်ကိုဒူ၊ မင်းက ငါတို့ကို လာခိုင်းတယ်ဆိုတော့ အဲ့ဒီလူသတ်သမားကို
အတူတူ သတ်ကြမှာလား”

“မင်းပြောခဲ့တဲ့ အဖြစ်အပျက်ရဲ့ တိုက်ရိုက် ဗီဒီယိုကို ငါကြည့်ဖူးတယ်။ သူတို့ နှစ်ယောက်လုံးက ရွှေအဆင့်ပဲ  ဆိုပေမယ့်    ငါတို့က  သူတို့ကို တိုက်ခိုက်ဖို့ မ
ဖြစ်နိုင်ဘူး။ ဒါကြောင့် သွေးရူး သွေးတမ်း မလုပ်နဲ့။ ဒီလိုမှမဟုတ်ရင် ငါတို့တွေ သေသွားနိုင်တယ်”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now