171----175

167 22 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၇၁) - ဖင်ပေါက်ကို တကယ် ထိုးခြင်း။

လင်းဟွမ်သည် လူသားစင်္ကြန်ကို ဖြတ်ကျော်ပြီးနောက် ဒုတိယမြောက် မွန်းစတား လှောင်အိမ်ကို ရောက်ရှိလာခဲ့သည်။

မွန်းစတား လှောင်အိမ်ထဲတွင် လက်တစ်ဖက် မျောက်ဝံကြီး ရှိနေသည်။ လက်တစ်ဖက် မျောက်ဝံသည် ဘီလူးမျိုးနွယ်ဝင် ဖြစ်ကာ လက်တစ်ဖက်တည်းသာ ရှိသောကြောင့် လက်တစ်ဖက် မျောက်ဝံဟု ခေါ်ဆိုကြခြင်း မဟုတ်ပေ။ ၎င်း၏ လက်တစ်ဖက်သည် ပုံမှန် အရွယ်အစား ရှိပြီး ကျန်လက်တစ်ဖက်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်ခန့် ကြီးမားနေသောကြောင့် ဖြစ်သည်။

ဧရာမလက်ကြီးတွင် ကြောက်စရာကောင်းသော စွမ်းအားများရှိနေပြီး အဆင့်တူ မွန်းစတားများကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သည်။ သို့သော် ဧရာမလက်ကြီး၏ အားနည်းချက်မှာ အရှိန်အဟုန် နှေးကွေးနေခြင်းပင်။ ဒါသည်လည်း ကြီးမားသော ခွန်အားကို ရရှိရန် ပေးဆောင်ရသော စျေးနှုန်းဖြစ်သည်။

ဤလက်ကြီးနှင့် မိတ်ဆက် လိုက်ရပါက သေခြင်းတရားနှင့် နဖူးတွေ့၊ ဒူးတွေ့ ကစ်ဆင် ဆွဲရသလို ဖြစ်သွားမည်။ ထို့ကြောင့် လူတော်တော်များများသည် ထိုလက်ကြီးကို တွေ့လိုက်လျှင် သေချာပေါက် ကြောက်လန့် သွားတတ်ကြသည်။

သို့သော်လည်း လင်းဟွမ်က စာကလေး (၂၃) သေနတ် (၂) လက်ကို လက်ထဲတွင်ကိုင်ထားပြီး လူသားစင်္ကြန်ပေါ်တွင်   လျှောက်လာနေသည့် အချိန်၌  ပြုံး၍ပင်  နေသေး၏။

ထို့နောက် လက်တစ်ဖက် မျောက်ဝံကြီးကို အဆက်မပြတ် ပစ်ခတ်လိုက်သည်။ မျောက်ဝံကြီးသည် လက်တစ်ဖက်ဖြင့် မျက်နှာကို ဖုံးအုပ်လိုက်သည်။

မျောက်ဝံကြီးက မျက်နှာကို ကြီးမားသော လက်ကြီးဖြင့် ဖုံးအုပ်ထားသည့်အချိန်၌ လမ်းဟွမ်က  မျောက်ဝံကြီးထံ  ပြေးလွှားသွားသည်။

လင်းဟွမ်သည်  တိမ်ခြေလှမ်း လှုပ်ရှားမှုကျင့်စဥ်ကို ထုတ်သုံး၍ မျောက်ဝံကြီး၏ တိုက်ခိုက်မှုများကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းလိုက်သည်။ မျောက်ဝံကြီးက ကြီးမားသောလက်ကြီးကို အသုံးပြုပြီး သူ့ကိုယ်သူ ခုခံကာကွယ်နေစေရန်  သေနတ်ဖြင့် မျောက်ဝံကြီး၏ မျက်နှာကို လှည့်ပစ်လိုက်သည်။ ထို့နောက် လင်းဟွမ်က နောက်တစ်ကြိမ် ပြုံးလိုက်ပြီး

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now