681----------690

161 19 0
                                    

အခန်း(၆၈၁) - ဓါးဝိညာဉ်၏ ပထမဦးဆုံး စွမ်းရည်။

လင်းဟွမ်သည် ဓါးဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သော်လည်း မည်သည့်   တိုးတက်မှုကိုမှ   မခံစားရပေ။

နောက်ထပ် နှစ်ရက်အတွင်း ဓါးကျင့်စဉ်များကို လေ့ကျင့်ပြီးနောက် ကတ်အပိုင်းအစများ ထပ်မံ ရရှိခဲ့သည်။ လေ့ကျင့်ပြီးသည့် အချိန်တိုင်း အသိစိတ်ကို ခန္ဓာကိုယ် နှစ်မြုပ်ပြီး ဓါးဝိညာဉ်နှင့် ဆက်သွယ် နေခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ဓါးဝိညာဉ်နှင့် စကားပြောရန်၊ သူနှင့်အတူ ကစားရန်နှင့် သင်ကြားပေးရန်သာ ….

လင်းဟွမ်သည် ဓါးကျင့်စဉ်ကို လေ့ကျင့် ပြီးသောအခါ အိပ်ယာမဝင်ခင် ခန္ဓာကိုယ်ထဲရှိ အသိစိတ်ထဲ ဝင်ရောက် လိုက်သည်။

ဓါးတောင်ပေါ် တက်နေသော ဓါးဝိညာဉ်ကို မြင်လိုက်ရသည်။ ဒါသည် ဓါးဝိညာဉ် ကိုယ်တိုင် တီထွင်ထားသော ဂိမ်းတစ်ခုပင် ။ တောင်ပေါ် ရောက်ပြီးနောက် ဓါးဝိညာဉ်က အလွတ်  ခုန်ချတတ်သည်။

ကနဦးတွင် လင်းဟွမ်သည် ထိုကဲ့သို့ ကစားပါက ဓါးဝိညာဉ် ဒဏ်ရာ ရရှိမည်ကို စိုးရိမ်နေခဲ့သည်။ အမှန်တကယ်တွင်မူ  ထိုကဲ့သို့  မဟုတ်ချေ။

ထိုကလေးငယ်၏ ခန္ဓာကိုယ်မှာ ပျံသန်းရန် မွေးဖွား လာရုံသာမက ကံကြမ္မာစက်ဝိုင်းထဲက မြေပြင်ကိုပင် ထိုးဖောက် ဝင်ရောက်နိုင်စွမ်း ရှိနေပြီး ထိုမှတဆင့် ဓါးတောင်တန်းထဲကိုပင် ဖောက်ထွင်း သွားနိုင်သည်။

တစ်ခါတစ်လေတွင် လင်းဟွမ်နှင့် ကလေးငယ်တို့သည် တောင်ပေါ်ကို အပြိုင်
တက်ကြသေးသည်။

ဓါးဝိညာဉ်က တောင်တစ်ဝက်ခန့် ရောက်နေသည်ကို မြင်လိုက်လျှင်  သူလဲ ဝင်
ပါလိုက်သည်။

လင်းဟွမ်က တောင်ပေါ်သို့တက်လာပြီး သူနှင့် နီးကပ်လာသည်ကို မြင်လျှင်
ဓါးဝိညာဉ်က ချက်ချင်း အရှိန်မြှင့်တင်လိုက်သည်။

မကြာခင် သူတို့နှစ်ယောက်သည် တောင်ပေါ်ကို ရှေ့ဆင့်နောက်ဆင့် ရောက်
သွားကြသည်။ ဓါးဝိညာဉ်က လင်းဟွမ်ထက် အနည်းငယ်စောပြီး တောင်ပေါ်
ရောက်သွားသဖြင့် အနိုင်ရသွားခဲ့သည်။ ကလေးငယ်က ပျော်ရွှင်လွန်း၍
ရယ်မောခြင်းကို    မရပ်တန့်နိုင်ခဲ့ပေ။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now