851-----860

91 12 0
                                    

အခန်း(၈၅၁) - မြို့

လင်းဟွမ်သည် စိတ်စွမ်းအားကို အသုံးပြု၍ ကျောက်စိမ်းတုံးများကို တစ်လုံးပြီးတစ်လုံး စစ်ဆေးခဲ့ရာ ကျောက်တုံးခြောက်ခုလုံးတွင် မှတ်တမ်း တင်ထားသော ကျင့်ကြံခြင်း  နည်းစနစ်များ ရှိနေကြောင်း တွေ့ရှိ ခဲ့ရသည်။

သို့သော် ဤကျင့်စဉ်များက အင်မော်တယ် အဆင့်ကိုသာ အများဆုံး ရောက်ရှိစေနိုင်သော မပြည့်စုံသည့်  ကျင့်စဉ်များသာ  ဖြစ်နေသည်။

ဤကျင့်စဥ်များက အပြင်ဘက်ကမ္ဘာက ကျင့်စဉ်ခြင်း နည်းစနစ်များနှင့် ကွဲပြား
သည်။ မွန်းစတားများကို သတ်ဖြတ်ပြီး အဆင့်မြှင့်တင်ရမည့်အစား အတွင်းပိုင်းကို ကျင့်ကြံသောကျင့်စဉ်များ  ဖြစ်နေသည်။

ဒါသည် ယခင်က လင်းဟွမ် ကျင့်ကြံခဲ့သည့် ကံကြမ္မာလမ်းလွဲ ကျမ်းစာနှင့်  တူ
သော်လည်း ကံကြမ္မာလမ်းလွဲ ကျမ်းစာထက် များစွာနိမ့်ကျသည်။

လင်းဟွမ်သည် ကံကြမ္မာလမ်းလွဲ ကျမ်းစာကို မလေ့ကျင့်ခင် အဆင့် (၁၀)
အထိ ရောက်အောင် လေ့ကျင့်ရမည်ဟု သိထားသည်။ အဆိုပါ ကန့်သတ်ချက်
သည် ကျင့်ကြံသူ အများစုကို မကျင့်ကြံဖြစ်အောင် တားဆီးထားသော

အတားအဆီး တစ်ခုကဲ့သို့  ဖြစ်နေသည်။
သို့သော်လည်း ဤကျောက်စိမ်းတုံးများတွင် မှတ်တမ်းတင်ထားသော ကျင့်စဉ်
များကို ကျင့်ကြံရသည့်  အခက်အခဲမှာ စစ်တပ်တိုက်ခိုက်ရေး နည်းစနစ်ကို

ကျင့်ကြံခြင်းထက် ပိုလွယ်ကူနေသည်။ အခြေခံအားဖြင့် သန့်ရှင်းမီးလျှံအဆင့် ရှိသည့်လူတိုင်း ဒါကို ကျင့်ကြံရန် အရည်အချင်း  ပြည့်မီသည်။

လင်းဟွမ်   အတွက်မူ  ဤကျင့်စဉ်များက အင်မော်တယ်အဆင့်ထိ ရောက်အောင် ကျင့်ကြံရန် လွယ်ကူလှ၏။ သို့သော်လည်း ဤကျင့်စဉ်များထဲတွင် အင်မော်တယ်  အဆင့်ထက် ကျော်လွန်၍ မည်သည့်အရာမှ မပါဝင်သောကြောင့် ဤကျင့်စဉ်များက ကံကြမ္မာလမ်းလွဲ ကျမ်းစာနှင့် ဆင်တူခြင်း ရှိ၊ မရှိကို ဖော်ထုတ်ရန် ကန့်သတ်ချက် ရှိနေသည်။ ဤကျင့်စဉ်များက လူတစ်ယောက်ကို ဘယ်အဆင့်အထိ ရောက်အောင်  လုပ်ပေးနိုင်မလဲ  ဆိုသည်ကို   သူမသိပေ။
အကယ်၍ လူတစ်ယောက်အတွက် အတုယောင် နတ်ဘုရား အဆင့်အထိ ရောက်သွားနိုင်မည့် လိုအပ်ချက်က နည်းပါးမည်ဆိုပါက ထိုလူသည် အနာဂတ်တွင် အတုယောင်နတ်ဘုရား အဆင့်အထိ မြင့်တက်သွားနိုင်သည်ဟု  
ဆိုလိုသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now