စာစဉ်(၃၁) အပိုင်း(၁)

628 13 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၁)

အခန်း(၃၇၁-က)သူတို့ကိုသင်ခန်းစာတစ်ခုပေးလိုက်စို့(၁)

ဗန်ကားပေါ်တွင်ထိုင်နေသည့် ဆံပိုင်တိုလူတစ်ဦးက ခဏလောက် တန့်သွားပြီး မေးသည်။ "စတုတ္ထလေး ခုနက ဟောင်သံလိုလို တစ်ခုခုကြားလိုက်သလား"

"ဘယ်လိုအသံလဲ" စတုတ္ထလေး စိတ်ရှုပ်ထွေးသွားသည်။ "ငါ မကြားလိုက်ပါဘူး"

"ခွေးဟောင်သံလိုလို တခြားအကောင်အသံလိုလိုပဲ" ဆံပင်တိုလူက ပြန်ပြောသည်။

"အဲဒါ ခွေးနေမှာပေါ့။ အစ်ကိုချောင်က တောင်ပေါ်မှာ ခွေးတွေ ဒါဇင်နဲ့ချီပြီး မွေးထားတယ်လို့ ပြောတယ်မလား။ သူတို့ အိမ်တစ်အိမ်ကို သွားဖောက်နေတာလေ" စတုတ္ထလေးက ရယ်မောလိုက်သည်။

"ဟားဟား အတိအကျပဲ။ သူတို့ သွားတာ ငါးမိနစ်လောက်ရှိပြီ။ ခဏနေရင် ပြန်ဆင်းလာကြတော့မယ်" ဆံပင်တိုလူက ပြောသည်။

"အရမ်းစိတ်လှုပ်ရှားတယ်ကွာ။ ငါတို့အခု ခိုးနေတာမလား။ တစ်ယောက်ယောက် တွေ့ပြီး ငါတို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ" စတုတ္ထလေးက အနည်းငယ် စိုးရိမ်သွားသည်။

"မဖြစ်နိုင်ပါဘူး။ တောင်ပေါ်မှ အစောင့်မရှိဘူးလေ။ အဲဒါတွေအကုန်လုံးက ပိုင်ရှင်မဲ့အဖြစ်နဲ့ အလေ့ကျ တောရိုင်းတွေအဖြစ် သတ်မှတ်ခံရမှာပဲ" ဆံပင်တိုလူက ခေါင်းယမ်းသည်။ "လမ်းကြောင်းကို အစ်ကိုချောင်က သေသေချာချာ ဒီဇိုင်းထုတ်ထားတာ။ ဘာမှ ကြောက်မနေနဲ့"

"အင်း ငါက နည်းနည်း စိတ်ပူရုံပါ။ ဆေးလိပ်သောက်ရအောင်" စတုတ္ထလေးက အကြံပြသည်။

သူ ၅ သုံးလုံး စီးကရက်ဗူးကို ထုတ်ကာ ဆံပင်တိုလူအတွက် တစ်လိပ်မီးညှိပေးလိုက်ပြီး သူ့အတွက် တစ်လိပ်ညှိလိုက်သည်။ သူ ပြင်တင်းပေါက်မှန်အား ချကာ အပြင်ဘက်မီးခိုးမှုတ်ထုတ်လိုက်ပြီး သူ၏လက်အား ပြန်ဆွဲယူခါနီးတွင် လက်ချောင်းကြားရှိ စီးကရက်က ပျောက်သွားသည်ကို တွေ့လိုက်ရသည်။

"ဟမ်"

စတုတ္ထလေး ဘေးပတ်ဝန်းကျင်အား လှည့်လိုက်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now