စာစဉ်(၃၉) အပိုင်း(၇)

141 10 0
                                    

[စာစဉ်(၃၉) အပိုင်း(၇)] အခန်း(၄၄၀-က) ဝင်တိုက်ပြီးနောက်အမွေအနှစ်တစ်ခု ထွက်လာခြင်း(၁)

အဝတ်အစားများဝတ်ပြီးနောက် ဇီယန်က ဇီချန်း၏ဖုန်းကို ခေါ်လိုက်သည်။

ဆယ့်နှစ်နာရီနီးပါးရှိပြီဖြစ်သော်လည်း စုလုံက သူမအဖေနှင့် ဆက်သွယ်ခဲ့သေးသည့်အတွက် သူ အိပ်မပျော်သေးကြောင်း သိရှိသည်။ ထို့ကြောင့် ဖုန်းမကိုင်မီ နှစ်ကြိမ်သာ မြည်လိုက်၏။

ဇီချန်းက သံသယဖြင့် မေးသည်။ "ဟဲလို ရှောင်ယန် အကြီးအကဲစုက သမီးတို့ဆီ ဖုန်းခေါ်ခဲ့တာလား။ ဘာကိစ္စလဲ"

သန်းခေါင်ယံကြီး ဇီယန်က သူ့ဆီ ဖုန်းဆက်ကတည်းက သူ့တွင် အရေးကြီးကိစ္စတစ်ခုခုရှိနေမည်ဟု သေချာသည်။

ဇီယန်က ပြန်ဖြေသည်။ "သူက သမီးတို့ကို အကူအညီတောင်းတာပါ။ သမီးနဲ့ ကျန်းဟန် လိုက်သွားမလို့။ အဖေ မုန့်မုန့်ကို ခဏကြည့်ထားပေးဖို့ ဒီကိုလာလို့ရမလား"

"အင်း.. ကောင်းပြီလေ အဖေ သမီးအမေနဲ့ အခုလာခဲ့မယ်" ဇီချန်းက ဖုန်းမချခင်ပြောလိုက်သည်။

"သူတို့လာပြီ တံခါးသွားဖွင့်ရအောင်"

ဇီယန်၏ကျန်းဟန်၏လက်ကိုဆွဲကာ တံခါးဆီ လျှောက်သွားပြီး ဖိနပ်လဲပြီးနောက် ဖွင့်လိုက်သည်။ တစ်မိနစ်မပြည့်ခင်မှာပင် ဇီချန်းနှင့် ရွှီရှင်းယုတို့ ရောက်လာသည်။

"ရှောင်ဟန် ဘယ်သွားကြမလို့လဲ" ရွှီရှင်းယုက မေးသည်။

"စုလုံက တစ်ခုခု စစ်ဆေးကြည့်ပေးဖို့ ကျွန်တော်တို့ကို အကူအညီတောင်းလို့ပါ" ကျန်းဟန်က ပြန်ဖြေသည်။

"ဘယ်အချိန် ပြန်လာကြမှာလဲ" ဇီချန်းက ထပ်မေးသည်။

"နှစ်နာရီ သုံးနာရီလောက်ကြာမယ်" ကျန်းဟန်က ပြန်ဖြေသည်။

ဇီချန်းက အိပ်ခန်းထဲကို ကြည့်လိုက်ရင်း "အင်း သွားပါ။ ငါတို့ ဒီမှာ မုန့်မုန့်ကို ကြည့်ထားပေးမယ်။ သူ အိပ်ခန်းထဲမှာလား"

"ဟုတ်တယ်။ သူက ညဘက်ဆို တော်ရုံနိုးခဲပါတယ်။ တစ်ခုခုဆို အဖေ သမီးတို့ဆီ ဖုန်းခေါ်လိုက်လေ" ဇီယန်က ပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now