[စာစဉ်(၃၅) အပိုင်း(၁၀)] အခန်း(၄၀၇-ဂ) ကျုပ်ကိုဘယ်လိုတားနိုင်မှာလဲ(၃)
ဝမ်ကျန်းဖန်သည် သူ၏စကားကိုကြားပြီးနောက် မျက်နှာအမူအရာပြောင်းလဲသွား၏။ သူသည် တုံ့ဆိုင်းမနေဘဲ လက်ကိုဝှေ့ယမ်းကာ ပထမအဆင့် စိတ်ဝိဉာဉ်ရတနာငါးခုကို ဝင်္ကပါဗဟိုချက်အဖြစ် ပစ်လွှတ်လိုက်သည်။
"ဝုန်း..."
လျှပ်တပြက်အတွင်း ဝမ်ကျန်းဖန်း၏အကာအကွယ်ဝင်္ကပါသည် စွမ်းအင်တိုင်ငါးခုကို ထုတ်လွှာလာပြီး လေပြင်းများ တိုတ်ခတ်သွားသည်။
ရုတ်တရက် လေလည်သကဲ့သို့ ကျယ်လောင်သည့်အသံတစ်ခု ကြားလိုက်ရသည်။
ရှီခွမ်း၏သတ်ဖြတ်ခြင်းဝင်္ကပါမှာ ပေါက်နေသည့်ပူပေါင်းပမာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"ဘာကြီးလဲဟ။ မိုးတွေတဂျိမ်းဂျိမ်း ခြိမ်းပြီးမှ မိုးမွှားလေးပဲကျလာတာလား" (ရှီခွမ်းကို လေကြီးလေကျယ်ပြောပြီးမှ ဘာမှမဟုတ်တော့ဘူးလား ဆိုတဲ့ သဘောပါ)
"..."
"???" ရှီခွမ်းလည်း ထိုအခိုက်တွင် ကြက်သေသေသွားသည်။
သူ၏ဝင်္ကပါကို အခြားတစ်ယောက်က အလွယ်တကူ ချိုးဖျက်သွားသည်အား သူ မယုံကြည်နိုင်ချေ။
ဘာဖြစ်တာလဲ...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
အဲဒါ သူပဲ။ ဝမ်ကျန်းဖန်းကို သတိရအောင် လုပ်ပေးတဲ့သူပဲ...
ချီးပဲ...
ဘယ်လောက် မုန်းဖို့ကောင်းလိုက်တဲ့ကောင်လဲ...
ရှီခွမ်း၏မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်လာပြီး သတ်ဖြတ်လိုသည့်စိတ်ဆန္ဒများဖြင့် "မင်းက လှည့်ကွက်တွေလုပ်ရဲတာလား။ ငါတို့ ဆန်းကြယ်မြူခိုးဂိုဏ်းက မင်းကို အခွင့်အရေးပေးထားတာကို ဘာလို့ တန်ဖိုးမထားရတာလဲ။ ကောင်းပြီလေ။ မင်း ဒီမှာ နေလို့ရတယ်။ သရဲခုနှစ်ကောင်သတ်ဖြတ်ခြင်းဝင်္ကပါ စတင်စမ်း"
ရှီခွမ်း၏ပြင်းထန်သည့်အော်သံနှင့်အတူ သူ၏ရင်ဘတ်ထဲမှ အနက်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ အလယ်ရှိ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...