စာစဉ်(၃၃) အပိုင်း(၃)

147 9 0
                                    

စာစဉ်(၃၃)အပိုင်း(၃)အခန်း(၃၈၈-ခ)နောက်ဆုံးတော့ပြန်လာပြီ(၂)

ထိုနောက် ကျန်းဟန်၏ဖုန်းနံပါတ်ကို အမြန်ခေါ်လိုက်သည်။

တတူတူ ဖုန်းမြည်သံကို နားထောင်ပြီး သူမ အလွန်စိတ်လှုပ်ရှားသွား၏။

ခဏအကြာတွင် ဖုန်းကိုင်လာပြီး သူမ ဝမ်းနည်းမျက်ရည်များဖြင့် မေးလိုက်သည်။ "ရှင်ဘယ်မှာလဲ"

ဟုတ်တယ်... ရှင်ဘယ်မှာလဲ...

ရှင်စားသောက်ဆိုင်မှာပဲဖြစ်ရမယ် ဟုတ်တယ်မလား...

ရှင် စားသောက်ဆိုင်မှာပါလို့ ကျွန်မကို ပြောစမ်းပါ...

ရှင် စားသောက်ဆိုင်မှာပဲရှိနေတယ်လို့ ပြောနော်...

သို့သော် "အချစ်ရေ ကျွန်မလာနေပြီ" ဟူသည့်အသံကို ကြားလိုက်ရသည့်အခါ ဇီယန်၏မျက်နှာမှာ ဖြူဖျော့သွားပြန်သည်။

သူမ WeChat ကိုဖွင့်ကြည့်လိုက်ရ ကျန်းဟန်ပို့ပေးသည့် တည်နေရာအချက်အလက်နှင့် ရှုရှင်းဟိုတယ်လိုဂိုကို တွေ့လိုက်ရသည်။

ဘုန်း...

ဤအခိုက်အတန့်တွင် တစ်ခုခု ကွဲကြေသွားသလိုပင်။

၎င်းက သူမ၏နှလုံးသားပင်။

"အတု အတု အဲဒါ အတုပဲ"

ဇီယန် ၎င်းကို မယုံချင်ကြည်ချင်။ ဖုန်းမြည်လာမည်ကို ကြောက်ရွံ့ပြီး ကြက်သေသေကာ ဖုန်းအား ပါဝါပိတ်ပစ်လိုက်သည်။ ဤကဲ့သို့သော မက်ဆေ့ချ်မျိုး ထပ်မံရောက်ရှိလာမည်ကို သူမ ကြောက်ရွံ့၏။

မနေ့က ချောင်လောလောထံမှ တမင်တကာရန်စသည့် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ကာကွယ်နိုင်ခဲ့သည့် ဇီယန်သည် ယခုတော့ စိတ်ပိုင်းဆိုင်ရာလုံးဝ ပြိုလဲနေပြီဖြစ်သည်။

သူမမျက်ရည်များ ဆက်တိုက်ကျလာပြီး စိတ်ဝိဉာဉ်ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။

ဤကဲ့သို့ ဝမ်းနည်းဖွယ်ခံစားချက်က သူမ၏နှလုံးသားကို အလွန်နာကျင်စေသည်။

သူမ တံခါးဆီသွားသို့ ယိုင်တိယိုင်တိုင်ဖြင့် လျှောက်သွားပြီး ဖွင့်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now