စာစဉ်(၃၅) အပိုင်း(၂)

182 12 0
                                    

[စာစဉ်(၃၅)အပိုင်း(၂)] အခန်း(၄၀၂-ခ) လှုပ်ရှားဆောင်ရွက်ခြင်း(၂)

ထိုနောက် ဘယ်ဘက်လက်က အပြာရောင်အမှုန့် လက်တစ်ဆုပ်စာကို သေတ္တာထောင့်မှ ကောက်ယူလိုက်သည်။ ဝမ်မင်သည် လေထဲတွင် အမှုန့်များကို ဖြန်းလိုက်ရာ အလံ၏အထက်တွင် လက်ဖဝါးအရွယ် ဝက်ဝံကောင်ပေါ်လာပြီး နှစ်စက္ကန့်အကြာတွင် ပြန်၍ပျောက်ကွယ်သွားသည်။

"အင်း" ကျန်းဟန်က ဝမ်မင်အား စိတ်ဝင်တစားကြည့်လိုက်သည်။ ဝမ်မင်က ထူးထူးဆန်းဆန်းတွေလေ့လာရတာ သဘောကျတဲ့ပုံပဲ။

"ကျုပ်ကို နေရာတစ်ခုပေးပါ" ကျန်းဟန်က ပြောသည်။

"အပြင်ထွက်ကြ အားလုံး အပြင်ထွက်ကြရအောင်" ဝမ်ကျန်းဇုန်က ဦးဆောင်ထွက်လာသည်။

"ငါ ဒီမှာနေရာမှာလား။ မဟုတ်ရင် ဒီဝိဉာဉ်အလံက..." ဝမ်မင် စကားမဆုံးခင်မှာပင် ကျန်းဟန်က ခေါင်းယမ်းလိုက်ပြီး "ရပါတယ် မလိုဘူးရယ်"

သူ၏လက်ထဲမှ အလေးချိန် ပျောက်ကွယ်သွားသည်ကို ဝမ်မင် ခံစားလိုက်ရသည်။ အကြောင်းမှာ အလံငယ်မှာ သူ၏လက်ထဲမှ ထွက်ခွာသွားပြီး ဝမ်ကျန်းဖန်း၏အထက် တစ်မီတာအကွာတွင် ရပ်တန့်နေသောသွားသည်။

ထို့ကြောင့် ဝမ်မင်လည်း အခန်းထဲမှ ထွက်သွားခဲ့သည်။

ကျန်းဟန်က မည်ကဲ့သို့ လှုပ်ရှားမည်ကို စောင့်ကြည့်ရန်အတွက် မပိတ်ရသေးသည့် တံခါးရှေ့တွင် စုကာ ရပ်နေကြသည်။

လူတိုင်း၏အကြည့်အောက်တွင်...

ကျန်းဟန်က ညာလက်ကို အသာမြှောက်လိုက်၏။ ချက်ချင်းပင် သေတ္တာထဲမှ ကျောက်စိမ်းတုံးများက တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်လာပြီး အခန်းထောင့်တိုင်းတွင် ငြိမ်သက်စွာ လွင့်မျောနေသည်။

နောက်အခိုက်အတန့်တွင်...

"ဘန်း ဘန်း ဘန်း...."

ကျောက်စိမ်းများ အားလုံး ပေါက်ကွဲသွားသဖြင့် အခန်းထဲရှိ စွမ်းအင်များ ရုတ်တရက် ခုန်တက်သွားသည်ကို တံခါးအပြင်ဘက်ရှိ လူများ ခံစားမိလိုက်ကြသည်။

"သူက အစီအရင် ခင်းနေတာလား။ ဘယ်လိုလုပ်...." ဝမ်ကျန်းဟုန်မှာ စကားတန့်သွား၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now