စာစဉ်(၃၃) အပိုင်း(၁၂)

179 12 0
                                    

စာစဉ်(၃၃)အပိုင်း(၁၂)အခန်း(၃၉၂-ဂ)မုန်တိုင်းပြီးရင်လေပြည်လာတယ်(၃)

သူမ ထွက်သွားပြီးနောက် ဇီယန်၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွဦားပြီး အောက်ဆီဂျင်ပြတ်သွားသလို ခံစားလိုက်ရသည်။

ကျိုးဖေးက ဇီယန်အား မြန်တွဲကာ စိုးရိမ်တကြီးမေးသည်။ "အစ်မယန် အဆင်ပြေရဲ့လား"

ဇီယန်၏ပုခုံးများ တုန်ယီနေပြီး သူမ ဆို့နင့်ကြေကွဲသွားသည်။

ငါဘာလုပ်ရမလဲ...

သူ ဘယ်မှာလဲ...

သူ ဘာလို့ ငါ့ဆီ မလာသေးတာလဲ။ သူဘယ်မှာလဲ...

ငါ ဘာလုပ်နိုင်မှာလဲ... သူ အရမ်း စိတ်ထိခိုက်နေမှာ။ ငါ့အမှားပဲ။ အကုန်လုံး ငါ့အပြစ်တွေပဲ...

ထိန်းချုပ်မှုလွတ်ကင်းသွားသည့် ဇီယန်ကို ကြည့်ပြီး ကျန်းလီ အနည်းငယ် စိုးရိမ်သွားကာ "စိတ်မပူပါနဲ့ ယောင်းမ။ အဆင်ပြေပါတယ်။ မနက်က အစ်ကို ဖုန်းဆက်တယ်"

"ဟမ်" ဇီယန်‌ မော့ကြည့်လိုက်ပြီး ကျန်းလီ၏လက်မောင်းကို ဆွဲကာ မေးသည်။ "သူဘယ်မှာလဲ။ ငါ သူ့ကို လိုက်ရှာမယ်။ ငါအခု သွားမှဖြစ်မယ်"

"အဲဒါ...." ကျန်းလီ ဘာလုပ်ရမှန်းမသိဖြစ်သွား၏။

သူမ ဘာလုပ်ရမှန်းမသိဖြစ်ပြီး တိတ်ဆိတ်နေသည့် ကျော်ကဖုန်းကို အကူအညီတောင်းလိုက်သည်။

"နင် စကားမပြောတတ်ဘူးလား။ သစ်သားတုံးလို လုပ်မနေနဲ့လေ"

ဤနေရာမှ အငြင်းအခုံသံများက ခန်းမတွင်းရှိလူများကို လှမ်းကြည့်စေသည်။ တစ်ခုခု ဖြစ်ပျက်သွားပုံရ၏။

လျန်ဟောင်က ခါးသီးစွာ ပြုံးလိုက်ပြီး လျှောက်သွားလိုက်သည်။

သို့သော် ထိုအချိန်တွင် လူတစ်ယောက် ပြေးဝင်လာ၏။

၎င်းက နည်းပြလျိုပင်။

"သူဌေး... သူဌေးဆီက သတင်းရတယ်။ ငါ အောက်ထပ်ရောက်တော့ ငါ့လူတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ သူဌေးက ရှီးဟန်ကိုသွားမယ့်‌ လေယာဉ်လက်မှတ်ဝယ်လိုက်တယ်တဲ့။ လေယာဉ်က ၁၁ နာရီ ၃၀ ထွက်မှာ" နည်းပြလျိုက ပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now