စာစဉ်(၃၁) အပိုင်း(၁၁)

164 12 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၁၁)

အခန်း(၃၇၇)ယွမ်ချင်သစ်သီး

ရှုယုံထွက်သွားပြီးနောက် ကျန်းဟန် တံခါးကို သော့ခတ်လိုက်သည်။ သူ လှေကားနားသို့ ရောက်သည့်အခါ မုန့်မုန့်၏ကျည်ကျည်ကျာကျာအသံလေးကို ကြားလိုက်ရသည်။

"မေမေ မေမေ။ ဒီနေ့လေ ဖေဖေနဲ့သမီးနဲ့ ဌက်အကြီးကြီးတစ်ကောင်စီးပြီး အမြင့်ကြီးပျံသန်းခဲ့ကြတယ်။ သမီးတို့ လူတစ်ယောက်ကိုကယ်ဖို့ အရမ်းဝေးတဲ့နေရာကို သွားကြတာ။ ဖေဖေက အရမ်းအစွမ်းထက်တယ်။ သူတို့အကုန်လုံး ဖေဖေ့ကို ကျေးဇူတင်ကြတာ။ ဒါကြောင့် သမီးလည်း ရပါတယ် လို့ပြန်ပြောခဲ့တယ်။ သူတို့အားလုံး ပျော်နေကြတာ..."

"တကယ်လား။ မုန့်မုန့်က လိမ္မာတဲ့ကောင်မလေးပဲ"

"ခစ်ခစ်...မေမေ သမီးမေမေ့ကို အရမ်းလွမ်းနေပြီ။ မေမေ ဘယ်တော့ပြန်လာမှာလဲ"

"..."

ကျန်းဟန်သည် ဆိုဖာပေါ် ပြန်ထိုင်ကာ မုန့်မုန့်အား ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

သားအမိနှစ်ယောက် စကားဆုံးအောင်စောင့်ရင်း ကျ်နးဟန်သည် မုန့်မုန့်အတွက် နွားနို့ခွက်တစ်ဝက် ပြင်ပေးလိုက်သည်။ မုန့်မုန့်နွားနို့သောက်နေသည့်အချိန်တွင် သူက ဖုန်းကို ပြန်ကိုင်ထားလိုက်၏။

"ကျန်းဟန် ကျွန်မတို့ ဒီနေ့ ဝါးတောထဲမှာ ရိုက်ကူးရေးလုပ်ရတယ်။ အဲဒါ သတင်းက မတော်တဆပျံ့သွားတယ်လေ။ ရလဒ်အနေနဲ့ ကျွန်မတို့ အဲဒီကိုရောက်တဲ့အချိန် လူတွေအများကြီး စောင့်နေကြပါရော" ဇီယန်က စခရင်ပေါ်ရှိ ကျန်းဟန်အား စိတ်လှုပ်ရှားစွာကြည့်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်သည်။

ကျန်းဟန်သည် ဤအချိန်တွင် သူ စကားကောင်းကောင်းပြောရမည်ကို သိ၏။ မဟုတ်ပါက ဇီယန် စိတ်ဆိုးသွားပေလိမ့်မည်။

ထိုနောက် ကျန်းဟန်က မျက်လုံးများပြူးကျယ်သွားကာ မမျှော်လင့်ထားဟွာပြောလိုက်သည်။ "တကယ်လား။ အဲဒါ မင်းအရမ်းနာမည်ကြီးနေပြီလို့ ဆိုလိုတာမဟုတ်ဘူးလား။ အနာဂတ်မှာ အပြင်သွားရင် ဂရုစိုက်ရတော့မယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now