စာစဉ်(၄၀) အပိုင်း(၅)

124 13 0
                                    

[စာစဉ်(၄၀) အပိုင်း(၅)] အခန်း(၄၄၇-ခ) စတုတ္ထအဆင့်အပြာရောင်အေးငြိမ်းခြင်းဝါး(၂)

သို့သော် ကျန်းဟန်နှင့် ရင်ဆိုင်ရသည်တွင် သူ့အား ချီကျူးလိုရုံသာရှိတော့သည်။

သူသည် လုံးဝနားမလည်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သူဖြစ်သည်။

ချင်မင်စည်းတံဆိပ်ပေါ်လာသည်နှင့်တပြိုင်နက် စိမ်းစိုတောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ရှေ့သို့ ပျံသန်းသွားသည်။

ရေပုံးကဲ့သို့အတုတ်ရှိသည့် မြူခိုးများက ထိုကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိပုံရသည်။ ၎င်းက ရပ်တန့်ကာ ခဏလောက် တုံ့ဆိုင်းသွားပြီး နောက်ပြန်ဆုတ်သွားသည်။

ဝုန်း ဝုန်း ဝုန်း...

၎င်းက သိပ်ပြီးမချောမွေ့သော်လည်း သင်္ဘောကိုယ်ထည်မှာ အဆက်မပြတ်ကျဆင်းနေပြီး ရပ်တန့်မသွားချေ။

ကျန်းဟန်သည် အပြာရောင်အေးငြိမ်းခြင်းဝါးကို ဆွဲယူပြီးသည့်နှင့် သင်္ဘောမှ တဝီဝီမြည်သည့်အသံထွက်ပေါ်လာသည်။

ဝီ ဝီ ဝီ...

မီတာ ၃၀၀၀ အတွင်းရှိ တစ္ဆေများအားလုံးသည် မရေမတွက်နိုင်သည့် အနက်ရောင်အလင်းစုများအဖြစ် ပြောင်းလဲသွားပြီး ဦးတည်ရာအသီးသီးမှ ဧရာမလှေကြီးဆီသို့ စုပြုံဝင်ရောက်လာသည်။

ဒုန်း...

လှေ၏ရှေ့ပိုင်းက ညွန်အိုင်ထဲသို့ ထိုးကျသွားသည်။

လူတိုင်း၏အကြည့်အောက်တွင် လှေသည် ညွန်အိုင်၏စုပ်ယူခံလိုက်ရသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ကျန်းဟန်၏လက်မှလှိုင်းလုံးနှင့်အတူ လေထဲတွင် ပေါ်နေသည့် စည်းတံဆိပ်မှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။ ဧရာမလှေကြီး ပျောက်ကွယ်သွားသောနေရာကိုကြည့်ရင်း သူ စိတ်ဝင်စားစရာတစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

အဲဒါက ရတနာလှေပဲ။ အထဲမှာ ရတနာတွေအများကြီးရှိရမယ်...

လှေသည် ရတနာလှေကြီးဖြစ်ကြောင်း သက်သေပြနိုင်သည့် အမွေအနှစ်အတွင်းမှ အဆင့်မြင့်ရတနာများကို ၎င်း၏ကိုယ်တွင်းသို့စုပ်ယူသွားသည်ကို ကြည့်နိုင်သည်။ ယခုက သူတို့အနေဖြင့် ဤဖြစ်စဉ်၏တစ်ကြိမ်ကိုသာ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပြီး ယခင်က ဤကဲ့သို့ အကြိမ်မည်မျှဖြစ်ပျက်ခဲ့ပြီးသည်ကို မသိကြချေ။ သို့သော် ဧရာမလှေကြီး၏သမိုင်းကြောင်းက ပို၍ရှည်လျားလေ ရတနာများ ပို၍များလေဟု ကောက်ချက်ချနိုင်၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိOn viuen les histories. Descobreix ara