စာစဉ်(၄၀) အပိုင်း(၁၀)

103 9 0
                                    

[စာစဉ်(၄၀) အပိုင်း(၁၀)] အခန်း( ၄၄၉-ဂ)စေ့စပ်ပွဲ(၃)

၁၀ မိနစ်ကျော်ကြာပြီးနောက် သူတို့ ညစာစားကြပြီး ထိုနောက်တွင် အနားယူကြသည်။ ထိုအချိန်တွင် ဇီချန်း၏မျက်လုံးများက တိုက်ခိုက်လိုစိတ်များဖြင့် တက်ကြွလာပြန်သည်။

"အဖေ ကျွန်တော်တို့ စစ်တုရင်တစ်ပွဲ နှစ်ပွဲလောက် ကစားကြမလား"

ကဲ ဒီတစ်ခါတော့ သူ မမေးခင် ငါ အရင်ပြောလိုက်တာကောင်းမယ်...

ကျန်းဟန်က အရင်ဆုံး ပါးစပ်ဟလိုက်သည်။

"ငါလည်း အဲဒါပဲ တွေးနေတာ" ဇီချန်းက ဖြည်းညှင်းစွာ ပြောလိုက်ပြီး ကျန်းဟန်နှင့်အတူ တိုက်ပွဲမြေပြင်သို့ ထပ်မံ ဝင်ရောက်ခဲ့ပြန်သည်။

၉ နာရီခွဲမှ ပွဲပြီးသွားပြီး အားလုံး အသီးသီး အနားယူကြသည်။

သို့သော် ထိုအချိန်တွင် ဇီမိသား၏ ရင်ပြင်တွင် မီးအိမ်မီးပုံးများ၊ ဖဲပြား ပန်းဆိုင်းများဖြင့် အလှဆင်ထားသည်။ လူများစွာမှာ စေ့စပ်ပွဲအတွက် အပြင်အဆင်ကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြ၏။

မိသားစုခေါင်းဆောင်ဟောင်း ဇီချင်းတန်သည် လုပ်ငန်းစဉ်ကို ကိုယ်တိုင်ကြီးကြပ်စောင့်ကြည့်နေပြီး တစ်ချိန်တည်းမှာပင် အရင်နေ့က ရောက်လာကြသည့်လူများအပြင် နာမည်ကျော်များစွာထံသို့ ဖိတ်စာများ ပေးပို့ခဲ့သည်။

ထိုသို့ပင်လျှင် ဖိတ်စာမပါဘဲ တက်ရောက်လာသူများ ရှိသေး၏။ ဤသည်က ၎င်းတို့ထံသို့ ဖိတ်စာပို့ရန် လျစ်လျူရှုထားခြင်းမဟုတ်ချေ။ သူတို့က ဇီမိသားစုနှင့် မနီစပ်ခြင်းပင်။ တကယ်တမ်းတွင် သူတို့ထဲမှ အချို့လူများကို ဇီမိသားစုက သိပင်မသိကြချေ။

ထိုသို့ဖြင်...

နောက်တစ်နေ့ မနက် ၁၁ နာရီတွင်...

ဇီမိသားစုအိမ်တော်ဝန်း၏ နှစ်ဖက်စလုံးရှိ လမ်းမဘေးတွင် အလွန်ပြွတ်သိပ်ကြပ်သပ်နေသည်။

ထိုအချိန်တွင် ဘတ်စ်ကားတစ်စီးသည် အလယ်တွင် ညပ်နေပြီး ၁၀ မိနစ်ကြာအောင် မရွေ့နိုင်ချေ။

သို့သော် ထိုအချိန် ဘတ်စ်ကားပေါ်ရှိ ခရီးသည်များမှာ ယာဉ်မောင်းအား လောဆော်မနေကြဘဲ ပတ်ဝန်းကျင်အား တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့ကြသည်။ လူအများစုမှာ သူတို့၏ဖုန်းများကိုထုတ်၍ ဓာတ်ပုံများ ဗီဒီယိုများပင် ရိုက်နေကြသည်။ သူတို့၏အာမေဋိတ်သံများကိုလည်း အခါအားလျော်စွာ ကြားနေရသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now