စာစဉ်(၃၄) အပိုင်း(၈)

172 17 0
                                    

[စာစဉ်(၃၄)အပိုင်း(၈)]အခန်း(၃၉၇-ခ)ရှီးဟန်သို့ထွက်ခွာခြင်း(၂)

ကျန်းဟန်မှာ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ ငါ စဉ်းစားပေးမယ်"

သို့သော် လဲ့ထျန်းနန်အတွက်တော့ ကျန်းဟန်၏ "စဉ်းစားပေးမယ်" ဆိုသည့်စကားမှာ လက်ခံလိုက်သည်နှင့် တူညီ၏။ ကျန်းဟန် ရှီးဟန်မှ ပြန်လာသည့်အချိန်တွင် ဒါရိုက်တာတံဆိပ်နှင့် အခြားပစ္စည်းများကို သူ၏စားသောက်ဆိုင်သို့ ပို့ပေးထားသည်အား တွေ့ရှိခဲ့ရသည်။

"ဟားဟားဟား...." လဲ့ထျန်းနန်က ရယ်မောကာ "မင်းရဲ့ ကိစ္စကို ပြောကြတာပေါ့...

မင်းရဲ့ခွန်အားနဲ့ဆို ယွဲ့ဝူဝေကို ဖိနှိပ်နိုင်ပေမယ့် ဒီအချိန်မှာ မင်း သူ့ကို အနုနည်းနဲ့ဆက်ဆံတာ ပိုကောင်းမယ်။ နောက်ဆုံးတော့ ယွဲ့ဝူဝေကို အင်ပါယာချင်က ကျောထောက်နောက်ခံပြုပေးထားတာလေ" လဲ့ထျန်းနန်က လေးနက်စွာပြောသည်။

ဘေးနားရှိလူများမှာ အကုန်လုံးတိတ်ဆိတ်စွာ ကြည့်နေကြပြီး မုန့်မုန့်လေးပင် သူတို့ ဘာတွေပြောနေမှန်းမသိဘဲ စိတ်ဝင်တစားဖြင့် လိုက်ကြည့်နေသည်။

"အင်ပါယာချင်လား" ကျန်းဟန်က မေးသည်။

သူ ထိုနာမည်ကို အကြိမ်အနည်းငယ်ကြားဖူးသည်။ ဂူချွမ်းလုံ၏စကားကို ပြန်တွေးမိပြီး သူ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "အင်ပါယာချင်က ဂရန်းမာစတာအဆင့်ကို မရောက်သေးဘူးမလား။ ရောက်သွားပြီလား"

"အဆင့်မတက်ရသေးဘူးလို့ မင်းကို ဘယ်သူကပြောတာလဲ" လဲ့ထျန်းနန် အံ့အားသင့်သွား၏။

"မာစတာဂူ" ကျန်းဟန်က ပြန်ဖြေသည်။

"သူက ဘာသိမှာမလို့လဲ။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ" လဲ့ထျန်းနန်မှာ နှုတ်ခမ်းများတွန့်ကွေ့သွားပြီး "သူသာ လွန်လွန်ကျူးကျူးပါရမီကောင်းမနေခဲ့ရင် ငါတို့ သူ့ကို သူ့ရဲ့ဘွဲ့နာမည်ကိုတောင် အသိအမှတ်ပြုမှာမဟုတ်ဘူး"

လဲ့ထျန်းနန်မှာ ပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now