စာစဉ်(၄၀) အပိုင်း(၁၃)

114 10 0
                                    

[စာစဉ်(၄၀) အပိုင်း(၁၃)] အခန်း(၄၅၁-ဂ) နောက်ထပ်မုန်တိုင်းတစ်ခုလာတော့မည်(၃)

ဇီယန်သည် မိသားစုဆီသို့ ဤသို့ အထူးချွန်ဆုံးယောက်ျားတစ်ယောက် ခေါ်ဆောင်လာပေးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

၎င်းက အိပ်မက်တစ်ခုလို ခံစားနေရသည်။ သို့သော် ဇီမိသားစုသည် လွန်ခဲ့သည့်နှစ်တစ်ရာကကဲ့သို့ သူတို့၏အထွတ်အထိပ်အချိန်ကို ပြန်လည်ရောက်ရှိလာမည်ကိုတော့ သူတို့အားလုံး သိကြသည်။

ရဟတ်ယာဉ်သည် ယခုလေးတင် ထွက်ခွာလာခဲ့သည်။

ဟောင်ကောင်ရှိ လီမိသားစု၏ အိမ်တော်ဝန်းရှေ့တွင် အနက်ရောင် Mercedes Benz E-Class တစ်စီးသည် ခြံတံခါးဝ၌ ရပ်တန့်သွား၏။

"ဘန်း ဘန်း ဘန်း"

ကားထဲမှ လူလေးယောက် ထွက်လာသည်။ အသက် ၅၀ ကျော်အရွယ် ဆံပင်တိုတိုညှပ်ထားသည့် သားသားနားနားအမျိုးသားတစ်ဦးက ခရီးသည်ထိုင်ခုံမှ ထွက်လာသည်။ သူ၏မျက်လုံးများမှာ အကာအကွယ်အရောင်တစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ အနည်းငယ် နောက်ကျိနေသည်။

အသက် ၃၀ အရွယ် အမျိုးသား သုံးဦးလည်း ကားပေါ်မှ ဆင်းလာ၏။ ယာဉ်မောင်းမှာတော့ တစ်ချိန်က လဆန်းတောင်သို့ သွားခဲ့သော ကောင်းကင်ဆေးလုံးဂိုဏ်း၏တပည့်တစ်ယောက်ဖြစ်သည့် ကာကွယ်သူတုဖြစ်သည်။

"အကြီးအကဲရှု ခင်ဗျား ဂရန်းမာစတာလီကို သိတာလား" ကာကွယ်သူတုက အစောင့်ကို ရိုရိုကျိုးကျိုးကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် မေးသည်။

အကြီးအကဲရှုက သူ့အား အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ လျစ်လျူရှုလိုက်သည်။

ကာကွယ်သူတုမှာ ခါးသီးစွာ ပြုံးလိုက်သည်။ သူ အကြီးအကဲရှုအား ဖုန်းဆက်သည့်အချိန်တွင် ဖုန်းထဲမှတဆင့် သူ၏မကျေမနပ်ဖြစ်နေမှုကို ခံစားမိသည်။ သိသာစွာပင် အကြီးအကဲရှုသည် သူတို့ မစ်ရှင်မအောင်မြင်သည့်အတွက် ဒေါသထွက်နေ၏။ သူက သူတို့အား မီးဖိုကို တန်းပြီး ပြန်ယူမလာရကောင်းလားဟု ကြိမ်းမောင်းပြောဆိုသည်။ ကောင်းကင်ဆေးလုံးဂိုဏ်းမှလူများမှာ မည်သူမျှ ပြန်မမေးရဲကြချေ။ ထိုထက်ပို၍ အခြေအနေများမှာ ပြောင်းလဲလာခဲ့သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now