စာစဉ်(၃၈) အပိုင်း(၁၁)

134 7 0
                                    

[စာစဉ်(၃၈) အပိုင်း(၁၁)] အခန်း(၄၃၃-ခ) သူ့ရဲ့အထောက်အထား(၂)

ထိုအချိန်တွင် ဟဲဃျန်က ဇီချန်းအား လှည့်ကြည့်ကာ ပြုံး၍ သူ့ဆီလျှောက်လာသည်။

"ဇီချန်း ရွှီရှင်းယု မင်းတို့က အရမ်းတော်တယ်။ ငါ့သမီးက ဇီယန်လိုဆိုရင် ဟူး...။ မင်းတို့ရဲ့အဖိုးတန်သမီးလေးနဲ့ မာစတာကျန်းက တကယ်ကို မနာလိုအားကျဖို့ကောင်းတယ်"

အခြားသူများ၏မှင်တက်နေသည့်အကြည့်အောက်တွင် ဟဲချန်က လျှောက်လာပြီး ဇီချန်းနှင့် စကားပြောသည်။

သို့သော် သူထိုင်ပြီးသည်နှင့် လူများ ဆက်တိုက်ရောက်လာ၏။

သူတို့အားလုံးက တစ်ယောက်တည်း လာကြခြင်းဖြစ်သည်။

သို့သော် သူတို့တစ်ယောက်ချင်းစီ၏လွှမ်းမိုးမှုနဲ့ အရေးပါမှုက ကြောက်စရာကောင်းလွန်းသည်။

ဇီချင်းတန် ပြန်ထိုင်ရန်ပင် အခွင့်အရေးမရှိချေ။ ဧည့်သည်အသစ်တစ်ယောက်ကို တွေ့တိုင်း သူ၏မျက်နှာမှာ ပို၍ပို၍ ဖြူဖျော့လာသည်။

"ဂရန်းမာစတာအစောပိုင်းအဆင့် ကွမ်းလုံ"

"ဂရန်းမာစတာအလယ်အဆင့် ဟဲဇီဟွာ"

"ဂရန်းမာစတာအလယ်အဆင့် ချီကောင်း"

"ဂရန်းမာစတာအလယ်အဆင့် လန်ရှီကျဲ"

"..."

ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက်က တက်ရောက်လာသည့်လူအားလုံးကို ရှော့ခ်ရသွားစေပြီး ဖန်းဟွမ်၏မျက်နှာကို ဖြူဖပ်ဖြူရော်ဖြစ်သွားစေသည်။

သူတို့ထဲက တစ်ယောက်မှ ဇီချင်းတန်အား အာရုံမစိုက်ကြချေ။ သူတို့အားလုံးက လူအုပ်ကို အကဲခတ်ကြည့်ရှုပြီးနောက် ဟဲချန်ကို ကြည့်ကာ လေးစားမှုအမူအရာပြပြီး ရယ်မောလိုက်သည်။

"အစ်ကိုဟဲ ဒီနေ့ ကျုပ်တို့အားလုံး မာစတာကျန်းကို တွေ့ဖို့ ရောက်လာကြတာပဲ"

ထိုသို့ပြောပြီးနောက် သူတို့ မေးသည်။

"ဇီယန်ရဲ့မိဘတွေက ဘယ်သူတွေလဲ"

ထိုမေးခွန်းကို မေးပြီးနောက် သူတို့တစ်ယောက်ချင်းစီက ဇီချန်းနှင့် ရွှီရှင်းယုအား လေးလေးစားစားလူအမူအရာပြကာ သူတို့အား ဂုဏ်ပြုစကားပြောကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now