စာစဉ်(၃၁) အပိုင်း(၃)

189 11 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၃)

အခန်း(၃၇၂-က)ပြစ်ဒဏ်ပေးခြင်း(၁)၃

တောင်ခြေမှလူများသည် တိုက်ရိုက် တက်မသွားကြချေ။ အခြေအနေအား သိရှိပြီးနောက် ကွန်မန်ဒါက အမိန့်ပေးသည်။

"အဲဒီ တိရစ္ဆာန်နှစ်ကောင်ကို သတ်လိုက်"

"ဟုတ်ကဲ့"

လဆန်းတောင်ပေါ်တွင် ပျံဝဲနေသည့် ရဟတ်ယာဉ်ပေါ်တွင် စနိုက်ပါသမားသည် တာဟေးနှင့် ရှောင်ဟေးအား ချိန်ရွယ်ရန် အသင့်ဖြစ်နေပေပြီ။

အန္တရာယ်အား သတိပြုမိပြီးနောက် ရှောင်ဟေးသည် ရှေ့သို့ပြေးကာ နောက်ဘက်တောအုပ်ထဲသို့ အမြန်ပြေးသွား၏။

ကျည်ဆန်များက သူ့အား နာကျဉ်စေမှန်း သိရှိသွားသည်။

"ဝူး ဝူး ဝူး ဝူး"

တာဟေးက အပေါ်ရှိ ရဟတ်ယာဉ်အား လက်ခလယ်ထောင်ပြသည်။

"ငါ့ဆီလာလေ"

"ဒိုင်း ဒိုင်း"

သေနတ်ပစ်ချက်များအောက်တွင်...

"ဟမ်"

စနိုက်ပါသမား မျက်မှောင်ကြုတ်သွား၏။ ပစ်မှတ်အား ထိမှန်သွားကြောင်း သူသိသော်လည်း ပစ်မှတ်က လဲကျမသွားချေ။

စနိုက်ပါသမား၏အကြည့်အောက်တွင် တာဟေးက သူ၏ဘယ်ဘက်ပုခုံးကို ညာလက်ဖြင့်ပွတ်ရင်း သူ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။

ထိုအချိန်အတွင်း၌...

လဆန်းတောင်နှင့် သိပ်မဝေးသည့်နေရာတွင် ဟမ်းမားကားတစ်စီးသည် သူ၏လမ်းကြောင်းတွင် ဦးတည်နေသည်။

ဟမ်းမားကား၏ ခရီးသည်ထိုင်ခုံတွင် နည်းပြလျိုထိုင်နေပြီး ရှုယုံက မောင်းနှင်နေသည်။

သူတို့ ဟင်းချက်စရာများ ယူရန် တောင်ပေါ်သို့ လာခြင်းဖြစ်၏။

သို့သော် ရုတ်တရက် တောင်ပေါ်မှ သေနတ်သံများ ကြားလိုက်ရသည်။

သူတို့၏မျက်နှာများ ပြောင်းလဲသွားကြ၏။

"အမြန်သွားကြည့်ရအောင်" နည်းပြလျိုက အသံနက်ကြီးဖြင့် ပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now