စာစဉ်(၃၈) အပိုင်း(၁)

140 9 0
                                    

[စာစဉ်(၃၈) အပိုင်း(၁)] အခန်း(၄၂၇-က) ငါတို့သူဌေးရဲ့နည်းလမ်းအတိုင်း(၁)

အဲ့တော့ ဘာဖြစ်လဲ...

ငါ့ဆရာက ကျင့်ကြံသူပဲ...

တစ်ချိန်တည်းမှာပင် ကျောက်ဖုန်းသည် သူ၏ဆရာဖြစ်သူက ဤသတင်းကို ကြားပြီး တစ်ဖက်လူက စာရင်း၏တတိယနေရာရှိ လီကျန်းဖြစ်ကြောင်း သိလိုက်ရပါက သူ၏စိတ်အခြေအနေကို မည်သို့မျှ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပိုမိုယုံကြည်လာသည်။

ထို့ပြင် အခြားတစ်ဖက်မှ လီခွန်းက ဘာမဟုတ်သည့် လူငယ်တစ်ယောက်သာဖြစ်သည်။

ကျောက်ဖုန်း အပေါ်ထပ်သို့ တက်နေစဉ် ကလပ်၏ငါးလွှာရှိ အခန်း ၀၀၁ တွင်...

လီခွန်းသည် နာရီကိုကြည့်ပြီး ဇီရှီးယာအား မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။ "သုံးမိနစ်ကျန်သေးတယ်"

ဇီရှီးယာ အလွန်ဒေါသထွက်နေသော်လည်း သူမ ဘာမှပြန်မပြောချေ။ နောက်ဆုံးတွင်တော့ သူမက အားနည်းသည့်ဘက်ကိုရောက်နေပြီး လီခွန်းအား မစော်ကားနိုင်ချေ။

ကြီးမားသည့်မိသားစုကြီးတွင် ကြီးပြင်းလာသော ဇီရှီးယာမှာ တည်ငြိမ်နေခဲ့သည်။

သူမနောက်ရှိ လျိုရှားရှားနှင့် ယုဝေတို့သည်တော့ ကြောက်ရွံ့နေကြပြီဖြစ်သည်။ သိသာစွာပင် သူမတို့သည် ပျော်ရွှင်သည့်မိသားစုတွင် ကြီးပြင်းလာကြပြီး ဤကဲ့သို့သောအတွေ့အကြုံမျိုးကို တစ်ခါမျှ မကြုံဘူးချေ။

အခြားတစ်ဖက်တွင် ယွမ်လဲ့နှင့် သူ၏အခန်းဖော်များမှာ စိတ်သက်သာရာရသွားကြသည်။

ကိုယ်လုံးတီးပြေးဆင်းရခြင်းက သူတို့ခြေထောက်များ အချိုးခံရသည်ထပ် ပို၍ လက်ခံနိုင်ဖွယ်ရှိသော အပြစ်ဒဏ်ဖြစ်သည်။

သို့သော် ပိုင်မင်သည်တော့ ပို၍ စိတ်ဓာတ်ကျလာသည်။ သူသည် ဤမျိုးဆက်များကြားတွင် ကျော်ကြားသူဖြစ်ပြီး သူကိုယ်လုံးတီး ထွက်ပြေးသည့်သတင်းသာ နောက်တစ်နေ့တွင် ပျံ့နှံ့သွားပါက အချိန်အတော်ကြာ ရယ်စရာဖြစ်နေပေလိမ့်မည်။

သို့သော် သူမလုပ်ချင်တော့ရော ဘာဖြစ်သနည်း..

လီခွန်းသည် ပိုင်မိသားစုကို အမှန်တကယ် အထင်အမြင်သေးခဲ့သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now