စာစဉ်(၃၄) အပိုင်း(၆)

164 14 0
                                    

[စာစဉ်(၃၄)အပိုင်း(၆)]အခန်း(၃၉၆-ခ)အရမ်းငယ်သေးတယ်(၂)

"ဒါကြီးက သောက်ရမ်းကြမ်းလွန်းတယ်။ မာစတာကျန်းက အိုး မဟုတ်သေးဘူး ဂရန်းမာစတာကျန်းက ဒါကို ဘယ်လိုကိုင်ကွယ်မလဲ သိချင်မိတယ်"

"အမ်။ ဘာလို့ ဂရန်းမာစတာကျန်းက မလှုပ်ရှားသေးတာလဲ"

ကျန်းဟန်ကိုမြင်လိုက်ရသည့်အချိန်တွင် လူတိုင်း ရှော့ခ်ရသွားကြ၏။ အကြောင်းမှာ မီးလက်ဝါးနီးကပ်လာသည့် ထိုအချိန်တွင်ပင် သူသည် မိန်းမလှလေး၏နားနားကပ်ကာ နူးညံ့စွာစကားပြောနေသေးသည်ကိုမြင်လိုက်ရသောကြောင့်ပင်။

"ဟဲချင်းတန်နဲ့ တိုက်ခိုက်နေတာလေ။ ဘယ်လိုလုပ်ပြီး သူ့ကို လျစ်လျူရှုထားရတာလဲ"

အချို့လူများမှာ စိတ်ပူသွားကြသည်။

နောက်ထပ်ဘာဖြစ်လာသလဲ ပြောမနေတော့။ ထိုသဘောထားကပင် သူ၏ပြိုင်ဘက်ကို မထီမဲ့မြင်ပြုလိုက်ခြင်းဖြစ်၏။

ဟဲချင်းတန်မှာ လျစ်လျူရှုခံလိုက်ရသည့်အတွက် အလွန်ဒေါသထွက်သွားသည်။

တကယ်တမ်းတွင် ဟဲချင်းတန်သည် စိတ်ကုန်နေခဲ့၏။

ထိုကဲ့သို့ သဘောထားမျိုးဖြင့် သူ့အား ဆက်ဆံသည့်လူကို ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။

"သူက အရမ်းရဲတင်းလွန်းတယ်" ဟဲချန်က မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ပြီးပြောသည်။ "သူ့ရဲ့ မီးလက်ဝါးနဲ့ရင်ဆိုင်ရရင် ငါတောင် အရမ်းဂရုစိုက်ရမှာ။ သူဆို... အမ်.. ဘာလဲဟ"

ရုတ်တရက် သူ၏သူငယ်အိမ်များကျုံ့သွားပြီး သူ့စကားအဆုံးသတ်ရန်ပင် အခွင့်အရေးမလိုက်ချေ။

ပြင်းထန်သည့်မီးတောက်က ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားသည်ကို သူမြင်လိုက်ရသည်။

၎င်းက အကွာအဝေးတစ်ဝက်ကျော်အထိ ရွေ့လျားသွားသည့်အချိန်တွင် ကျန်းဟန်က သူ၏ညာလ်ကိုရှေ့သို့ တွန်းလိုက်သည်။

ရုတ်တရက် ကတ် ၁၈ ခုက ရှေ့သို့ ပျံသန်းလာပြီး လေထဲ၌ ထူးဆန်းသည့်ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now