စာစဉ်(၃၄) အပိုင်း(၃)

169 12 0
                                    

[စာစဉ်(၃၄)အပိုင်း(၃)]အခန်း(၃၉၅-က)အရမ်းဆူညံလွန်းတယ်(၁)

ကျောက်ဖုန်းမှာ လုံးဝကြက်သေသေနေ၏။

အချိန်ကြာလာသည်နှင့်အမျှ သူသည် သိုင်းလောကို နားလည်လာခဲ့သည်။

အပြင်အားအဆင့်မှာ သိုင်းပညာရှင်များအတွက် အစဖြစ်ပြီး အတွင်းအားအဆင့်နှင့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူများသာ အစွမ်းထက်သည့်မာစတာများဖြစ်ကြသည်ကို သူသိသည်။ သူသည် ယခင်ကထက် ၁၀ ပိုမိုသန်မာသည့် အတွင်းအဆင့်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သည်။

ချီစွမ်းအားမာစတာများသည် များပြားသည့်အတွင်းအားရှိပြီး သူတို့၏လှုပ်ရှားမှုများက ပိုမိုအားကောင်းသည်။ အချို့လူများတွင် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်များလည်းရှိကြသည်။ သိုင်းပညာရှင်များစွာအတွက် မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်တို့မဆိုထားနှင့် နက်နဲအဆင့်သို့ရောက်ရန်ပင် အလွန်ခက်ခဲသည်။ ကောင်းကင်အဆင့်မာစတာများသည် အမျိုးသားလုံခြုံရေးအေဂျင်စီ(National Security Agency – NSA) မှ ကာကွယ်သူများ(Protectors)နှင့် အဆင့်တူဖြစ်ပြီး သိုင်းလောကတွင် အတော်လေးဩဇာရှိ၏။

ထိုသို့ဆိုလျှင် ဝူတာအိုဂရန်းမာစတာ(Wu Dao Grand Master)ဆိုသည်မှာ သိုင်းလောကတွင် မည်ကဲ့သို့သောအဓိပ္ပာယ်ရှိသနည်းဟု မေးစရာရှိလာပေသည်။

ဝူတာအိုဂရန်းမာစတာများမှာ အားလုံးက လေးစားကြပြီး သူတို့၏ကိုယ်ပိုင်အင်အားစု ကလန်များ ထူထောင်နိုင်ကာ သိုင်းလောက ပိရမစ်၏ထိပ်ဆုံး၌ရှိနေသူများဖြစ်ကြောင်း နည်းပြလျိုထံမှ သူ သိခဲ့ရသည်။

သို့သော် ဟဲချင်းတန်သည် ဝူတာအိုဂရန်းမာစတာတစ်ယောက်မျှသာမဟုတ်ချေ။ သူ၏အကြီးဆုံးတပည့် မာစတာဟုန်မှာ ဂရန်းမာစတာအစောပိုင်းအဆင့်ဖြစ်ပြီး အမျိုးသားလုံခြုံရေးအေဂျင်စီ - NSA ၏ ကာကွယ်သူတစ်ယောက်လည်းဖြစ်သည်။ ဟဲချင်းတန်သည် လွန်ခဲ့သည့်နှစ်ပေါင်းများက ဂရန်းမာစတာအလယ်အဆင့်သို့ ရောက်ရှိခဲ့သည်။ သူ နောက်ပိုင်းအဆင့်သို့ အဆင့်တက်နိုင်ခဲ့သလားဆိုသည်က အသေအချာ မသိရချေ။ သူသည် အဆင့်ချိုးဖျက်နိုင်ခဲ့လျှင် သူ၏စွမ်းအားမှာ နှစ်ဆသာတိုးလာမည်မဟုတ်ချေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now