စာစဉ်(၃၇) အပိုင်း(၂)

154 9 0
                                    

[စာစဉ်(၃၇) အပိုင်း(၂)] အခန်း(၄၁၉-ခ)အကျိုးသက်ရောက်မှုမရှိသော ဆေးလုံးများ(၂)

ကျန်းဟန်သည် ညနေ ငါးနာရီအထိ ဆေးလုံးသန့်စင်နေခဲ့သည်။

မီးတောက်များ ပေါက်ကွဲထက်လာချိန်တွင် မီးဖိုအတွင်းမှ ဆေးလုံးများ လွင့်ထွက်လာသည်။

ကျန်းဟန်က ၎င်းတို့အားလုံးကို ဖမ်းယူလိုက်ပြီး လက်ဖဝါးထဲ ထည့်လိုက်သည်။

"၁၀ လုံး။ မဆိုးပါဘူး"

ကျန်းဟန် ပြုံးကာ ရလဒ်အား ကျေနပ်သွား၏။

အချိန်ကို ကြည့်လိုက်ရာ ညစာချက်ပြုတ်ရန်အတွင် အိမ်ပြန်ဖို့အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သည်။

ကျန်ရှိသည့် စိတ်ဝိဉာဉ်ဆေးပင်များကို နောက်တစ်နေ့မှ သန့်စင်မည်ဖြစ်သည်။

ထိုနောက် ကျန်းဟန်သည် တောင်နောက်ဘက်သို့ သွားကာ အိမ်မပြန်ခင် မုန့်မုန့်နှင့် မိနစ်အနည်းငယ်လောက် ကစားလိုက်သည်။ ပြီးမှ အားလုံးနှင့်အတူ အိမ်ပြန်၏။

ကားတန်းမှာ တောင်ပေါ်မှ ထွက်ခွာသွားချိန်တွင် ရဟတ်ယာဉ်တစ်စင်းက လဆန်းတောင်ပေါ်သို့ ပျံ့သန်းလာခဲ့သည်။

ရဟတ်ယာဉ်၏အစွမ်းတွင် တယ်လီစကုပ်ဖြင့် လူတစ်ယောက်ရှိနေ၏။ သူသည် အောက်ကို မှန်ပြောင်းဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် ယန်မိုးကြိုးသစ်ပင်အောက်ရှိ စိတ်ဝိဉာဉ်ဆေးပင်အပုံလိုက်ကို တွေ့ရှိသွားသည်။

"အဲဒါ မြေအဆင့်ရတနာ တုန်းရှီမြက်မလား"

"မြေအဆင့်ရတနာ လန်ချီပန်း"

"ဝိုး အများကြီးပဲဟ"

"ဘုရားရေ ဒြပ်စင်ငါးမျိုးဆေးမီးဖိုကလည်း တကယ်ဒီမှာပဲ"

မှန်ပြောင်းကိုင်ထားသူမှာ အလွန်စိတ်လှုပ်ရှားသွား၏။

ကောက်ရိုးပုံကဲ့သို့ ပစ်စလက်ခတ်ပုံထားသည့် စိတ်ဝိဉာဉ်ဆေးပင်များစွာကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

"မာစတာကျန်းက သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်။ အံ့ဩစရာပဲ"

ထိုလူသည် လေးစားစွာဖြင့် ရေရွတ်လိုက်ပြီး သူ၏ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိUnde poveștirile trăiesc. Descoperă acum