စာစဉ်(၃၄) အပိုင်း(၁၄)

221 15 0
                                    

[စာစဉ်(၃၄)အပိုင်း(၁၄)]အခန်း(၄၀၁-ခ)ဝိဉာဉ်ခုနှစ်ပါးအဆိပ်(၂)

ဖုန်းကိုထုတ်ကြည့်လိုက်ပြီးနောက် ဝမ်ရ မပြုံးနိုင်တော့။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဖုန်းကို ပြန်ဖြေရမလား မဖြေရဘူးလား တုံ့ဆိုင်းနေသည်။

"ငါ ဖုန်းကိုင်လိုက်ဦးမယ်" ဝမ်ရက မတ်တပ်ရပ်ကာ ပြောသည်။

သူမ မတ်တပ်ထရပ်လိုက်သည်နှင့် ဝမ်မင်၏မျက်နှာမှာ မည်းမှောင်သွားသည်။ "ဖုန်းမကိုင်နဲ့။ သူ့ကို လွှတ်ထားလိုက်" သူက ဒေါသလေသံဖြင့် ပြောသည်။

ဝမ်မင်သည် လူအုပ်ရှေ့တွင်ပင် အော်ဟစ်လိုက်ရာ သူ မည်မျှဒေါသထွက်နေကြောင်း သိနိုင်၏။

၎င်းက ကျိုးဖေးနှင့် အခြားသူများကို အံ့ဩသွားစေသည်။ သူတို့ ဘာဖြစ်မှန်းမသိကြသော်လည်း ဝမ်မင်၏ဒေါသကို ခံစားမိကြသည်။

"တော်လောက်ပါပြီ" ယုံကျားရှင်းက ဝမ်မင်၏လက်ကိုဆွဲကာ ဝမ်ရကို ကြည့်လိုက်သည်။ "ရှောင်ရ ဖုန်းကိုက်ပြီး နောက်ဆုံးကိစ္စတွေကို ရှင်းအောင်လုပ်လိုက်ပါ။ ပြီးရင် သူနဲ့ ထပ်ပြီးမပတ်သက်တော့နဲ့"

ဝမ်ရ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြီး လှည့်ထွက်လာခဲ့သည်။

ဝမ်မင်၏မျက်နှာမှာ မည်းမှောင်သွားပြန်၏။

"အန်တီ သူ ဘာဖြစ်လို့လဲ" ကျန်းလီက မေးသည်။

ယုံကျားရှင်း၏အမူအရာမှာ အေးခဲသွားသည်။ သူမ သက်ပြင်းချကာ "သူ ကွာရှင်းတော့မလို့"

"ကွာရှင်းမယ်" ကျန်းလီ ထိတ်လန့်အံ့အားသင့်သွားပြီး "ရှောင်ရလက်ထပ်လိုက်တာကို ဘာလို့ သမီးတို့ မကြားခဲ့ရတာလဲ။ သူက ဘာလို့ ကွာရှင်းမှာလဲ"

ဝမ်မင်က ခေါင်းကိုငုံ့ကာ သက်ပြင်းချရင်း နဖူကို ဘယ်လက်ဖြင့် အုပ်၍ အကူအညီမဲ့မှု မုန်းတီးမှုဖြင့် ပြောသည်။ "သူက လူ့တိရစ္ဆာန်ကောင်နဲ့ လက်ထပ်ခဲ့တာကိုး ဟူး..."

"ရှောင်ရက ကံမကောင်းရှာဘူး" ယုံကျားရှင်းက သက်ပြင်းချကာ "ရှောင်ရ လွန်ခဲ့တဲ့နှစ်နှစ်က လက်ထပ်ခဲ့တာ။ သူ့ခင်ပွန်းက ရှီမိသားစုရဲ့ တရားမဝင်သား ရှီးထျန်းလဲ့လေ။ လွန်ခဲ့တဲ့ သုံးနှစ်က ကျောက်တုံးမိသားစုက ဝင်ခံခဲ့တာပဲ။ ဒါပေမယ့် မင်းနဲ့ ငါက အဲဒီအချိန်တုန်းက တံခါးပိတ်ကျင့်ကြံနေခဲ့တော့ ရှောင်ရကို သေသေချာချာ ဂရုမစိုက်နိုင်ခဲ့ဘူး။ ရှီထျန်းလဲ့နဲ့တွေ့ပြီးတဲ့နောက်မှာ သူက အရမ်းယဉ်ကျေးတယ်လို့ အန်တီတို့ ခံစားခဲ့ရတယ်။ ပြီးတော့ ရှီမိသားစုက ဝမ်မိသားစုထက် ပိုပြီးကောင်းမွန်တဲ့ သိုင်းပညာမိသားစုတစ်ခုဖြစ်တော့ လက်ထပ်ဖို့ကို သဘောတူခဲ့ကြတာ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now