စာစဉ်(၃၂) အပိုင်း(၉)

163 14 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၉)

အခန်း(၃၈၄-က)မုန့်မုန့်၏တိုင်တန်းမှု(၁)

ဆိုင်အပြင်ဘက်တွင် ဖြစ်ပျက်နေသည်ကိုမြင်တော့ ရှုယုံ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

အချိန်နှင့်အမျှ လူတော်တော်များများသည် စားသောက်ဆိုင်ငယ်လေးအား အဆင့်မြင့်၍ ခမ်းနားသည့်ကိုယ်စားပြုမှုတစ်ခုအဖြစ် သူတို့၏စိတ်ထဲတွင် မှတ်ယူသွားကြပေမည်။

သူလည်း ဂုဏ်ယူသလိုခံစားမိသည်။

လျန်ဟောင်သည် ကျောက်ဖုန်းအမြဲထိုင်နေကျနေရာတွင် လျန်မုန့်ချီနှင့်အတူ ဝင်ထိုင်လိုက်သည်။

"အဲဒီနှစ်ယောက်က အရမ်းချမ်းသာတယ်နော်။ မန်ဘာကတ်နှစ်ခုကို တန်းပြီး ဝယ်ပစ်လိုက်တာ" ကျောက်ဒါဟူက တိုးတိုးလေးပြောသည်။

သူ၏စကားကို ကြားပြီးနောက် လျန်ဟောင် ပြုံးကာ ခေါင်းယမ်းလိုက်သည်။

သေချာပေါက် သူတို့က ချမ်းသာကြပေသည်။ ထိုလူ၏နာမည်ကတ်နှင့် ပုံပန်းသွင်ပြင်ကိုကိုကြည့်၍ သူတို့၏ဇစ်မြစ်ကို သူ မှန်းဆမိခဲ့သည်။

သူသည် ဟွာနိုင်ငံ(တရုတ်နိုင်ငံ)ရှိ အင်တာနက်ကုမ္ပဏီကြီးငါးခုအနက် တစ်ခုဖြစ်သော အနောက်ပိုင်းလေကြောင်း အန်းယုနည်းပညာကုမ္ပဏီ(Western Airlines An Yu Technology) ၏ဥက္ကဌ မစ္စတာရှန်းဖြစ်သည်။

နာမည်ကြီးထိပ်တန်းသူဌေးတစ်ဦးအနေဖြင့် သူသည် ယွမ်ဘီလီယံ ၁၃၀ ချမ်းသာသည်။

သာမန်လူများ တွင်ကျယ်စွာအသုံးပြုသည့် ဖိုင်းယားဝေါ(Firewalls) ကဲ့သိုသော ကွန်ယက်ကာကွယ်မှု(Network Defense)တွင် အဓိကပါဝင်နေသောကြောင့် အန်းယုနည်းပညာကုမ္ပဏီအကြောင်းကို လူတော်တော်များများ သိကြသည်။ ထို့ပြင် ၎င်းသည် စီးပွားရေးလုပ်ငန်း(Enterprise)ကြီးများစွာနှင့် ပူပေါင်းဆောင်ရွက်မှုများလည်းရှိပြီး အစိုးရအာဏာပိုင်များနှင့် နက်ရှိုင်းသည့် ပူပေါင်းမှုများပင် ထူထောင်ထားသည်။

ပါတီပွဲများကို တက်ရောက်လေ့မရှိသည် မစ္စတာရှန်းမှာ သူ၏နာမည်ဂုဏ်သတင်း၌ အတော်လေးလူသိနည်းလှ၏။ သူသည် လျိုချင်းဖုန်းလောက် နာမည်မကြီးသော်လည်း မည်သူမျှ သူ၏အဆင့်အတန်းကို အထင်မသေးကြ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now