စာစဉ်(၃၅) အပိုင်း(၇)

176 8 0
                                    

[စာစဉ်(၃၅) အပိုင်း(၇)] အခန်း(၄၀၆-က) သတင်းကောင်း(၁)

"မင်း ဘာလို့ အရမ်းရိုင်းနေတာလဲ"

ယွဲ့ဝူဝေ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။ "လူကြီးတွေကို လေးစားပြီး ငယ်သူကို သနားကြင်နာရမယ်ဆိုတာ မင်းမသိဘူးလား"

"ဘာ"

ကျန်းဟန် မျက်ခုံးပင့်သွားပြီး သူ၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိဉာဉ်စွမ်းအင်များက ပေါက်ကွဲထွက်လာရန် အဆင်သင့်ဖြစ်သွားသည်။

သူ၏စကားကို ကြားပြီးနောက် ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့၏မျက်နှာများ ပြောင်းလဲသွားသည်။

ဒီကောင်က ဒီဘုရားကျောင်းဆောင်ကို တကယ်ကြီး ဖျက်စီးပစ်မှာလား...

ဝမ်မင်မှာလည်း ဖိအားခံစားလိုက်ရပြီး တိတ်တဆိတ်ဖြင့် ခါးသီးစွာ ပြုံးလိုက်သည်။

ခေါင်းဆောင်ယွဲ့က အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေလျှင် ကျန်းဟန် တကယ်တိုက်ခိုက်တော့မည်ကို သူ စိုးရိမ်နေသည်။

ဝမ်မင်သည် ကျန်းဟန်၏ပြတ်သားမှုကို သံသယမရှိချေ။ ယခင်က ရှီထျန်းလဲ့နှင့် အခြားနှစ်ယောက်ကို သတ်ခဲ့ဖူးသလိုပင် သူသည် အလွန်ပေါ့ပေါ့ပါးပါးရှိလွန်းပြီး ဘယ်အချိန်ဖြစ်ဖြစ် သူ လုပ်ချင်တာကိုလုပ်သည်။

သို့သော် ထိုအချိန်တွင် ယွဲ့ဝူဝေ၏အမူအရာမှာ ပြောင်းလဲသွားကာ သူက ပြုံးလိုက်သည်။

"ပိုက်ဆံမျက်နှာနဲ့ဆိုတော့ မင်း ငါ့နောက်ကနေ လိုက်ခဲ့ပါ" ထိုစကားပြောပြီးနောက် ယွဲ့ဝူဝေက မတ်တပ်ထရပ်ကာ နောက်ဘက်တံခါးဆီ ဦးတည်သွားလိုက်သည်။

ကျန်းဟန်က သူ့နောက်မှ လိုက်သွား၏။

သူ့အား သတိပေးရန်အတွက် အရှိန်အဝါတချို့ကို ထုတ်ပြခဲ့ရုံသာဖြစ်ပြီး အဓိပ္ပာယ်မရှိသည့်စကားများကို နားမထောင်ချင်ကြောင်း ပြသခဲ့သည်။

သူသည် တစ်စုံတစ်ရာကို ဖျက်ဆီးရန် ရည်ရွယ်ချက်မရှိဘဲ ယွဲ့ဝူဝေက ထိုအချိန်အတွင်း အနည်းငယ်ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now